ကျွန်တော်တို့တစ်တွေ (ဆိုလိုတာကတော့ ၄၀ ကျော် အရွယ်တွေ) အတွက် အတိတ်တစ်ချိန်ကတော့ ရေဒီယိုဆိုတာ ကျွန်တော်တို့အတွက် တစ်ခုတည်းသော Multi-media ပေါ့ဗျာ။ မြန်မာ့သတင်း၊ ကမ္ဘာ့သတင်း၊ သိပ္ပံနဲ့ နည်းပညာတွေကအစ ဖျော်ဖြေရေး အဆုံး ရေဒီယိုကိုသာ အားကိုးခဲ့ကြရတာဗျ
အဲသည်အချိန်းတုန်းက ရေဒီယိုဆိုတာတောင် အိမ်တိုင်း ရှိကြတာ မဟုတ်ဘူးဗျ။ ရေဒီယို နာထောင်ချင်ရင် ရေဒီယို ရှိတဲ့ အိမ်သွားနားထောင်ရတာ။ ခုချိန်မှာ ပြန်ပြောတော့ ရီစရာ ဖြစ်နေမှာ........
ထားပါတော့
ပြောချင်တာက ကျွန်တော်တို့ တစ်ချိန်က စွဲလန်းခဲ့ကြတဲ့ ရေဒီယိုက သီချင်းလေးတွေ မူရင်းအတိုင်း ပြန်လည် နားဆင်နိုင်တဲ့ နေရာလေး တစ်ခု ကို ပြောချင်လို့ပါ
အဲဒါက ဒီနေရာ လေးမှာ သွားပြီး ဒေါင်းချင်ဒေါင်း နားထောင်ချင်ရင် နားထောင်နိုင်ပါကြောင်း...............
Sunday, October 30, 2011
Posted by
အောင်နိုင်ထွန်း
at
2:44 PM
0
comments
Sunday, August 28, 2011
အင်း နောက်တစ်ခေါက်ပေါ့
အကျဉ်းချုပ်
နောက်တစ်ခေါက်တော့ ပွင့်လာပြန်ပီ ထာဝရလား ခဏတာလားတော့ မပြောတတ်သေး
အခြေအနေ ပြန်စောင့်ကြည့်ရတော့မှာပေါ့
အပြည့်အစုံ
Posted by
အောင်နိုင်ထွန်း
at
5:11 PM
0
comments
Wednesday, September 30, 2009
ပျက်ကွက်နေခဲ့ခြင်း
မရေးဖြစ်ခဲ့တာလဲ ကြာပါပေါ့
ပစ်ထားခဲ့မိတာလဲ ကြာပါပေါ့
ခုတော့ ပြန်ရေးဖြစ်တော့မယ် ထင်ပါတယ်
သေတော့ မသေချာသေးဘူးပေါ့
လောကကြီးကလဲ မသေချာခြင်းတွေနဲ့ သေချာနေတာကိုး
ကိုယ့်ဘာသာကိုယ် မရေးဖြစ်ခဲ့တာကို ဘာမှ မဆိုင်တဲ့ လောကကြီးကို ဆွဲထည့် လိုက်တယ်
ဟုတ်တယ်လေ
လောကကြီးက ကိုယ့်ကို ဘာမှ ပြန်မပြောတာ
Posted by
အောင်နိုင်ထွန်း
at
5:09 PM
0
comments
Thursday, September 4, 2008
အဆင်မပြေမှုများ
အဆင်မပြေတာတွေကို ဘလော့ဂ်ထဲလာပြီး ရင်ဖွင့်သလို ဖြစ်နေပြီ
မတတ်နိုင်ဘူးလေ
ဒီစကားတွေက ကာယကံရှင်ကို ပြောလို့ဖြစ်တာမှ မဟုတ်တာ
ပြောလဲ ပြဿနာ ပိုကြီးယုံကလွဲလို့ ဘာဖြစ်လာမှာမို့လဲ
ခက်လိုက်ကြတဲ့လူတွေဗျာ
“ခင်ဗျားကကော လူမဟုတ်ဘူးလား” လို့မေးရင်တော့ ကျွန်တော်လဲ လူပါဘဲဗျာ
ခက်တဲ့ထဲမှာတော့ ပါတာပေါ့
ခပ်ဖေါ့ဖေါ့လေးပြောရရင်တော့ ကိုယ့်ကိုကိုယ် သိပ်ခက်တဲ့အထဲမှာတော့မပါဘူးလို့ ထင်တာဘဲ
ထားပါတော့လေ
ကိုယ့်ထက် ငယ်တဲ့သူတွေ
ကိုယ့်ကို ဘာမှ ပြန်မလုပ်နိုင်တဲ့သူတွေ
ကိုယ့်ကို ဘာမှ မယှဉ်ပြိုင်နိုင်တဲ့သူတွေကိုဘဲ ဘာဖြစ်လို့ ထပ်ခါတလဲလဲ
နှိပ်စက်နေကြတာလဲဗျာ
ဘာဖြစ်လို့ ပိန္နဲပင်ကို လာလာပြီး ဆွဲထည့်နေကြတာလဲ
ပြဿနာမရှိ ဘာလို့ ပြဿနာ လာလာရှာနေကြတာလဲ
Posted by
အောင်နိုင်ထွန်း
at
3:44 PM
0
comments
Monday, August 18, 2008
တွေးမိတွေးရာ
ကျွန်တော်တို့ရဲ့ စိတ်ထွက်ပေါက်တစ်ခုဖြစ်တဲ့ blog ကြီးလဲ ဘန်းခံထားရတာ ကြာပြီ
ဘန်းကျော်လိုက်ပြန်တော့ ကွန်နက်ရှင်က ဆန့်ငင်ဆန့်ငင်
အဲဒါနဲ့ စိတ်နာနာနဲ့ကို ပစ်ထားလိုက်တာ အတော်ကြီးကို ကြာခဲ့ပြီ
blog လည်းမရေးဖြစ်
အင်တာနက်ဝင်ရင်လဲ mail လေးဘာလေးစစ်၊ တရားဝင် ဖွင့်ထားပေးတဲ့forums တွေမှာ
ပေါက်တတ်ကရတွေရေး
အင်တာနက်ဆိုတာကြီးကို ပေါ့ပေါ့ပါးပါးသုံးနေရင်းနဲ့
လူကလည်း ပေါက်တတ်ကရလို့ ပြောရမလား
ပေါ့ပျက်ပျက်လို့ဘဲ ပြောရမလား
ခပ်ကြောင်ကြောင်ဖြစ်ချင်သလိုလို
ဒီနေ့မနက် ခပ်ပျင်းပျင်းနဲ့ လက်ဖက်ရည်ဆိုင် ထွက်ထိုင်ဖြစ်တယ်
နေ့တိုင်းလည်း ထိုင်ဖြစ်တာပါဘဲ
ဒါပေမဲ့ ဒီနေ့မှ ပါတ်ဝန်းကျင်က လူတွေကို ကြည့်ပြီး အတွေးတစ်ခု ပေါက်လာတယ်ဗျ
လူတွေလူတွေ
ပါးစပ်ထဲကို အဖတ်တွေ သွတ်သွင်းလိုက်
အရည်တွေ လောင်းချလိုက်
အငွေ့တွေ ရှူသွင်းလိုက်နဲ့
ပေါက်တတ်ကရ တွေးမိပုံများ ပြောပါတယ်
တရားထိုင်နေတယ်ဆိုရင်လဲ ကိုယ့်ကိုကိုယ် ပြန်တွေးကြည့်ရင်တော့ တရားဘဲ ပေါက်ချင်သလိုလို
ခုဟာက တရားထိုင်တာလဲမဟုတ်
လက်ဖက်ရည်ဆိုင် ထိုင်ရင်းနဲ့ လျှောက်တွေးမိတာပါ
ကျွန်တော် ခပ်ကြောင်ကြောင်များ ဖြစ်နေပြီလားမသိ
Posted by
အောင်နိုင်ထွန်း
at
7:41 PM
0
comments
Sunday, March 9, 2008
ချွတ်ယွင်းချက်များ ကင်းကြပါစေ
ဒီနေ့ မြို့ထဲထွက်ရင်းနဲ့ အေးသာယာ၊ မြို့ပါတ် BM ကားတွေ ကြည့်ပြီး တစ်ခု စဉ်းစားမိတယ်ဗျာ
ကျွန်တော်တို့ ကျောင်းတက်စဉ်ကာလကတော့ BM ကားတွေဟာ တောင်ကြီး-ရန်ကုန်
တောင်ကြီး-မန္တလေး အပြန်အလှန် ပြေးဆွဲခဲ့ကြတာပေါ့ဗျာ၊ ခုတော့........
အရင်က ရန်ကုန် မန္တလေး သွားမယ်ဆိုရင် BM ကား လက်မှတ်တွေ ကြိုဝယ်ရတယ်ဗျ
ဝယ်တာ နောက်ကျလို့ကတော့ စီးပေရော့ ကြားခုံ
ရန်ကုန်သွားတယ်ဆိုရင် သာဝတ္ထိမှာ ညအိပ်ရတယ်ဗျ
တောင်ကြီးကနေ မနက် ၅ နာရီလောက်ကထွက်လိုက်တာ သာဝတ္ထိရောက်ရင် ည (၆)နာရီ
(၇)နာရီ ၀န်းကျင်လောက် ပေါ့။ ကိုယ်စီးတဲ့ ယာဉ်လိုင်းက စီစဉ်ထားပေးတဲ့
တည်းခိုတဲ့နေရာမှာ ရေချိုး၊ အပြင်ထွက် ထမင်းစား
လည်ချင်ရင်လဲ ထွက်လည်ပေါ့
ပြီးရင် ညပြန်အိပ်ပေါ့
တစ်ည အိပ်ဖို့အတွက် အဲဒီတုန်းက (၅)ကျပ်ပေးရတယ်ဗျ
ထားပါ
အဲဒါက ဟိုးအရင် အချိန်တုန်းက ကျွန်တော်တို့တစ်တွေ BM ကားတွေ စီးပြီးတော့ ခရီးထွက်ခဲ့တဲ့
အတွေ့အကြုံလေးပါ
ခုတော့ လေအိပ်ကားကြီးတွေ (Express) ကားကြီးတွေနဲ့ပေါ့
အဓိက ပြောချင်တာက BM ကားတွေနဲ့လည် ရန်ကုန် မန္တလေး ပြေးဆွဲခဲ့ပါတယ်
ဒါပေမဲ့ သက်တောင့်သက်သာ မရှိခြင်း ဆိုတဲ့ ချွတ်ယွင်းချက်ကြောင့်
BM ကားတွေဟာ အခုဆိုရင် အဝေးပြေး လမ်းမပေါ်က ဆင်းပေးခဲ့ရတယ်ဒီလို မျိုးပါဘဲ
ဆက်ပြီး စဉ်းစားကြည့်ရင်တော့ အများကြီးပေါ့ဗျာ
ချွတ်ယွင်းချက် ရှိသော၊ မပြည့်စုံမှုများ ရှိသော အရာများရဲ့ နေရာမှာ ပိုမို ပြည့်စုံသော
ပိုမိုကောင်းမွန်သော အရာများနဲ့ အစားထိုး လဲလှယ်သွားတာ ကျွန်တော်တို့ ပါတ်ဝန်းကျင်မှာ
အများကြီးပါ
အဲဒီလိုပါဘဲ.......
ကျွန်တော်တို့ တစ်တွေမှာ ချွတ်ယွင်းချက်၊ မပြည့်စုံမှုတွေ ရှိနေမယ်ဆိုရင်.........
ဆိုခဲ့ရင်....................
Posted by
အောင်နိုင်ထွန်း
at
5:07 PM
1 comments
Friday, February 29, 2008
ပေးထားချက် တူညီနေသော ပုစ္ဆာများ
ငယ်ငယ်တုန်းကပေါ့ဗျာ
ကျွန်တော်တို့ (၉)တန်း၊ (၁၀)တန်းလောက်မှာ ဂျီသြမေတြီပုစ္ဆာတွေ၊ တြီဂိုပုစ္ဆာတွေ တွက်ခဲ့ကြရတယ်ဗျာ
ပုစ္ဆာအဖြေထွက်ဖို့အတွက် ပေးထားချက်၊ ပြရန်၊ ပြုလုပ်ချက် ဆိုပြီး အဆင့်ဆင့် တွက်ခဲ့ကြတာပေါ့ဗျာ
ပုစ္ဆာအဖြေထွက်ဖို့အတွက် ပေးထားချက်တွေကို အသုံးပြုပြီး ခေါင်းတွေပူအောင် စဉ်းစားခဲ့ကြရတာပေါ့ဗျာ
ငယ်စဉ်တုန်းက မစဉ်းစားမိခဲ့ပေမဲ့ လက်တွေ့ ဘ၀နယ်ပယ်မှာ ကျင်လည်လာရင်းနဲ့ တဖြည်းဖြည်း
သဘောပေါက်လာခဲ့ရပါတယ်
ချွင်းချက်အချို့ ရှိနိုင်ပေမဲ့ အများစုအတွက် မှန်ကန်နေနိုင်လို့၊ မှန်ကန်တယ်ထင်လို့ ဆက်ပြီး စဉ်းစားမိတယ်
ကျွန်တော်တို့ တော်တော်များများအတွက် သဘာဝက ပေးထားချက်တွေဟာ ယေဘုယျအားဖြင့်တော့
တူကြတယ်ခင်ဗျ
အခြေခံက စပြောမယ်ဆိုရင်တော့ ပုခုံးနှစ်ဖက်ကြား ခေါင်းပေါက်လာကြတဲ့သူတွေ
ခြေနှစ်ဖက်၊ လက်နှစ်ဖက် အစရှိသဖြင့်ပေါ့လေဒါပေမဲ့ ပေးထားချက်လောက်နဲ့တော့ ပုစ္ဆာရဲ့ အဖြေမထွက်နိုင်တာကို ကျွန်တော်တို့ တစ်ခါတစ်လေမှာ
လူ့အင်္ဂါတွေအားလုံး သာတူညီမျှပါဘဲ
အဲဒီ ပေးထားချက်တွေကို အသုံးချရင်း၊ ကျွန်တော်တို့တစ်တွေ ဘ၀ရဲ့ ပုစ္ဆာတွေကို ဖြေရှင်းခဲ့ကြပါတယ်
မေ့လျော့နေတတ်ကြပါတယ်
ပုစ္ဆာတစ်ပုဒ်ရဲ့ အသက်က ပေးထားချက်အပြင် ပြုလုပ်ချက်တွေ အရေးကြီးမှန်း သတိမမူမိကြဘဲ
ပုစ္ဆာကိုသာ ဖြေရှင်းဖို့ ခေါင်းတွေနောက်အောင် စဉ်းစားနေမိကြတာ များပါတယ်
ရေလိုက်လွဲနေမှတော့ ဘယ်မှာလာပြီး ရေကြည်သောက်ရပါတော့မလဲဗျာ
Posted by
အောင်နိုင်ထွန်း
at
3:28 PM
0
comments
Tuesday, February 19, 2008
အချိန်ကာလနှင့် အကျိုးသက်ရောက်မှု
ဘာမှတော့ မဟုတ်ပါဘူး ကိုယ်ပြောချင်နေတဲ့ အကြောင်းလေးတစ်ခုကို
ခေါင်းစဉ်တပ်လိုက်တာပါ
ကျွန်တော်တို့တစ်တွေ တစ်ယောက်နဲ့ တစ်ယောက် အပြန်အလှန် ဆက်သွယ်နေကြတာမှာ
နှုတ်နဲ့ ဆက်သွယ်မှုက အင်း...........
၉၉% လောက်တော့ ရှိမှာပေါ့ဗျာ
ဆိုလိုတာက တစ်ဦးနဲ့ တစ်ဦး
စကားတွေ ပြောကြတယ်ဗျာ
အကြောင်းအရာပေါင်းစုံ၊ နယ်ပယ်ပေါင်းစုံကို
လေသံ အတက်အကျ အနိမ့်အမြင့်၊ အဆွဲအငင်၊ အဖြတ်အတောက်
မျိုးစုံပြောကြတယ်ဗျာ
အဲ...........
အဓိကပြောချင်တာက အဲဒါဗျ
အပြောမတတ်တော့ ဆဲသလို ဆိုသလိုဘဲ ကိုယ့်ရဲ့ လေယူလေသိမ်း၊
အဖြတ်အတောက် လွဲမှားသွားလို့ သဘောပေါက် လွဲမှားတာတွေ ရှိလာမယ်
တမင်တကာဘဲဖြစ်ဖြစ် နစ်နာအောင် ပြောဆိုလိုက်တာတွေ ရှိလာမယ်
အဲဒီလို ပြောလိုက်တဲ့ စကားတွေက ရံဖန်ရံခါမှာ တစ်ဖက်လူကို ဒေါသထွက်စေမယ်ဆိုရင်
သူ့ရဲ့ ဒေါသကို ပြောသူက ပြန်ခံရတော့မှာပေါ့
အညှိုးအတေးဖြစ်သွားရင်တော့ ကလဲ့စားပေါ့
နောက်ဆုံးပြောချင်တာက ကာလရှည်ကြာသည်အထိ မေ့ပျောက်
ပြေပျောက်မသွားနိုင်တဲ့
တစ်ဖက်သားရဲ့ ရင်ထဲမှာ အကြိတ်အခဲ တစ်ခုအနေနဲ့ အချိန်အကြာကြီး ရှိနေမဲ့
စကားမျိုးကို မပြောမိစေဖို့ပါ
(ကျွန်တော်ကိုယ်တိုင်ကိုယ်က အဲသလို သိမ်းထားရတဲ့ စကားတွေ အများကြီးဘဲ)
Posted by
အောင်နိုင်ထွန်း
at
3:13 PM
0
comments
Sunday, February 17, 2008
ပေါက်ကွဲမှုကို ခံစားခြင်း
ပရီးမီးယားလိဂ်မှာ အာကြီးနောက်ကလိုက်နေရတဲ့
မန်ယူတို့အဖို့ ဒီရာသီမှာ ချန်ပီယံဆုကို ကာကွယ်နိုင်ပါ့မလားလို့
သံသယ၀င်နေတယ်။ နောက်ဆုံး boxing day အပြီးမှာ အာကြီးနဲ့
သူတပြန် ကိုယ်တပြန် ဖြစ်နေရာကနေ
ခုဆို (၅)မှတ်အကွာနဲ့ နောက်ကနေ ပြန်လိုက်နေရတဲ့ဘဝ
မနေ့ညက FA ပွဲမှာတော့ သူရဲနီတို့ အားရပါးရကို ပေါက်ကွဲလိုက်တာ ခံစားရတယ်ဗျာ
အာကြီးပရိသတ်တွေကတော့ ပရီးမီးယားနဲ့ ချန်ပီယံလိဂ်အတွက်
FA ကို လက်လျော့ထားတာလို့ပြောတယ်
ဘာဘဲဖြစ်ဖြစ်ပေါ့
ကိုယ်ကတော့ ကိုယ်အားပေးတဲ့ အသင်းကို နိုင်စေချင်တာ ကိုယ့်ဆန္ဒပါ
သူငယ်ချင်းတစ်ယောက်ကတော့ ပြောပါတယ်
မန်ယူနဲ့ သိကြားမင်း ကန်ရင်တောင်မှ မန်ယူဘဲ အားပေးမယ်တဲ့
အင်း......
ဟုတ်သလိုလိုဘဲ
ဘာဘဲပြောပြော
မြန်မာစံတော်ချိန်အရ မနက် (၂)နာရီ ထိုးကာနီးအထိ
ခံစားလိုက်ရတဲ့
သူရဲနီတို့ရဲ့ ပေါက်ကွဲမှုကိုတော့
အိပ်ရေးပျက်ခြင်းနဲ့ လဲလှယ်ယူလိုက်တာ
အရှုံးမရှိတဲ့ ညတစ်ညပါ
Posted by
အောင်နိုင်ထွန်း
at
5:53 PM
0
comments
Friday, February 15, 2008
အတိတ်တစ်ချိန်တုန်းက တောင်ကြီးတက္ကသိုလ်ကျောင်းသားဘ၀ (၃)
ပြည်ထောင်စုနေ့ကြီးကတော့ ပြီးသွားခဲ့ပါပြီ
ဒါပေမဲ့ ပြည်ထောင်စုနေ့နဲ့ ပါတ်သက်ပြီးတော့ သတိရစရာလေးတွေက ပြန်ပေါ်လာတယ်ဗျ
ကျုပ်တို့ တက္ကသိုလ် (အဲလေ)
အဲဒီအချိန်တုန်းကတော့ ကောလိပ်ပေါ့
အဲဒီတော့ ကျုပ်တို့ ကောလိပ် စတက်တဲ့နှစ်ပေါ့ဗျာ
၁၉၈၆-ခုနှစ်ပေါ့
အဲဒီနှစ်မှာ တောင်ကြီးမြို့ကို ပြည်ထောင်စု အလံတော်ရောက်တယ်ဗျ
နဲနဲ နားစိမ်းနေမလားမသိဘူး
အရင်တုန်းက ပြည်ထောင်စုနေ့ နီးပြီဆိုရင် ရန်ကုန်မြို့၊ မြိုကတော်ခန်းမမှာ
တစ်နှစ်တာ ညအိပ်ရပ်နားခဲ့တဲ့ ပြည်ထောင်စု အလံတော်ကြီးကို
ပြည်နယ်/တိုင်း အသီးသီးရဲ့ မြို့တော်တွေဆီကို လက်ဆင့်ကမ်း လှည့်သဗျ
ကျုပ်တို့ ရှမ်းပြည်နယ်မှာတော့ လာရှိုးတစ်လှည်၊ တောင်ကြီးတစ်လှည့်ပေါ့
အဲဒီတော့ ၁၉၈၆-ခုနှစ်မှာ တောင်ကြီးရောက်တဲ့ အလှည့်ပေါ့ဗျာ
ပြည်ထောင်စု အလံတော်ကြီး တောင်ကြီးမြိုကိုရောက်တော့ ဘောလုံကွင်းထဲမှာ အလံတော် ညအိပ်ရပ်တယ်ဗျ
အခု ဗိုလ်ချုပ်ပန်းခြံထဲမှာတော့ stage show လုပ်သဗျ
နောက် အခု နာရီစင်ကြီးနားက ညဈေးတန်းနေရာမှာတော့ ဈေးဆိုင်ခန်းတွေပေါ့ဗျာ
ဈေးဆိုင်ခန်းဆိုတော့ ပေါ့ကျကျတော့ ဟုတ်ဘူးဗျ
တောင်ကြီးတက္ကသိုလ်
အဲလေ
တောင်ကြီး ကောလိပ်က တိုင်းရင်းသား ယဉ်ကျေးမှု အသင်းတွေက ရံပုံငွေ ဆိုင်ခန်းတွေကိုပြောတာဗျ
(အဓိက ပြောချင်တာက အဲဒါကို ပြောပြချင်တာ)
ကျုပ်တို့ ကျောင်းတက်စဉ်က တက္ကသိုလ်မှာ မေဂျာအလိုက် အခန်းပြောင်းရတယ်ဗျ
ကျုပ်က Chemistry မေဂျာဆိုတော့ အဲဒီတုန်းကတော့ တောင်ကြီး(၂) ဆိုတဲ့
စာသင်ဆောင်မှာ စတက်ရတယ်
မနက်ပိုင်း ဆိုရင် တောင်ကြီး(၂)မှာ စတက်ရတယ်၊
နောက်တစ်ချိန်ဆိုရင် လားရှိုး(၁)မှာ တက်ရတယ်
ပြီးရင် နေ့လည်ပိုင်းဆို လွိုင်ကော်(၂) မှာ တက်ရတယ်
ဆိုလိုတာက........ဗျာ
စာသင်တာကို အခန်းတွေ၊ အချိန်တွေအလိုက် ပြောင်းတက်ရတယ်ဗျာ
အတန်းနားချိန် (၁၀)မိနစ် ရတယ်။
အဲဒီအတွင်းမှာ အခန်းပြောင်း၊ နေရာဦးပေါ့ဗျာ
နေရာဦးတယ်ဆိုလို့ စာကြိုးစားပြီး ရှေ့ဆုံးနေရာ ရအောင်ဦးတယ် မထင်ပါနဲ့ဗျာ
ကိုယ့်ဘက်က ဘာလိုလို၊ ညာလိုလို
သူ့ဘက်ကတော့ ဘာမှ မသိရှာပါဘူးဗျာ ဆိုသလိုပေါ့
ကိုယ်က ဂေါ်နေတဲ့ ကောင်မလေးနဲ့ မျက်စောင်းထိုးနေရာလောက် ရအောင် နေရာဦးတာကိုပြောတာပါ
အဲဒါကလဲ ၀ီရိယ ကောင်းမှဗျ
အနယ်နယ် အရပ်ရပ်က ကျောင်းလာတက်ကြတဲ့ ကောင်မလေး ချောချောလေးတွေကလဲ
ပေါမှပေါ
ကိုယ့်လိုဘဲ ကောလိပ်ရောက်မှ အမြှီးပေါက်ချင်တဲ့ အနယ်နယ် အရပ်ရပ်က
ကျောင်းသားတွေကလဲ များမှများ
အဲဒီအထဲကမှ နှစ်ပွင့်ဆိုင်၊ သုံးပွင့်ဆိုင် ဇာတ်လမ်းတွေ ဖြစ်လာပြီဆိုရင်လဲ
မျက်စောင်းတခဲခဲ
ရန်တစောင်စောင်ပေါ့ဗျာ
အမျိုးသားတွေဘက်ဖြစ်နေတာ ပြောပါတယ်
ကောင်မလေးတွေကတော့ ကျုပ် အရင်တုန်းက ပြောခဲ့သလိုပေါ့
ကောလိပ်ကျောင်းသူဘ၀နဲ့ state ကျောင်းသူဘ၀ သူတွေတွေခမျာမှာလဲ
သိပ်မကွာကြဘူးဗျ
အဲဒီတော့ သူတို့က စာကြိုးစား
ကျုပ်တို့ကလဲ လိုက်ကြိုးစားရင်းနဲ့ အတန်းတွေ မှန်မှန် တက်ခဲ့ကြတယ်ဗျ
ခုတော့ တစ်လောလေးကဘဲ တောင်ကြီးတက္ကသိုလ်ဘက်ကို ကိစ္စတစ်ခုရှိလို့ ရောက်သွားသေးတယ်
အရင်တုန်းက ခြေရာလေးတွေ သွားပြန်ရှာတာပေါ့
ခြေရာတွေ မတွေ့ခဲ့ပါဘူးဗျာ
ကျုပ်တို့ ကျောင်းစတက်ခဲ့တဲ့ တောင်ကြီး(၁)၊ (၂) အဆောင်တွေကို ခြုံထဲမှာ စိတ်မကောင်းစွာနဲ့ မြင်ခဲ့ရတယ်
အေးလေ
ခြေရာဘယ်ကျန်ပါ့မလဲ
နှစ်ပေါင်း (၂၀) ကျော်ပြီကိုးဗျ(အဟီး)
ပြောချင်ရာ ပြောနေလိုက်တာ လိုရင်းကို မရောက်သေးဘူးဗျာ
ကျုပ်တို့ ကျောင်းတက်ကာစက ကောလိပ်ဆိုတော့ အရင်ပြောခဲ့သလိုပေါ့ဗျာ
ဒုတိယနှစ်အထိကို တောင်ကြီးမှာကျောင်းတက်
တတိယနှစ်ကနေ စတုတ္ထနှစ်ကို မန္တလေးမှာကျောင်းတက်ပေါ့
အဲဒီတော့ ဒုတိယနှစ်ကျောင်းသားဆိုရင် တော်တော်လေး အကောင်ဖြစ်နေပြီ
ပထမနှစ်ဆိုတော့ မျက်စေ့သူငယ်၊ နားသူငယ်ပေါ့ဗျာ
ကျောင်းတွေ ဖွင့်ပြီး သိပ်မကြာခင်မှာဘဲ ခုနကပြောခဲ့တဲ့ ဒုတိယနှစ် ကျောင်းသားကြီးတွေပေါ့
စာသင်ချိန်တွေမှာ တစ်ခန်းဝင် တစ်ခန်းထွက်နဲ့ ယဉ်ကျေးမှုအသင်းဝင်ဖို့
လာပြီး ဟောကြပြောကြပေါ့။
ဆရာ/မတွေ ဆီမှာ ခွင့်တောင်းပြီးလာကြတာပါ
ဝင်ကြေးက ဘယ်လောက်၊ welcome အတွက်က ဘယ်လောက်ပေါ့
အဲဒါတွေပါ တစ်ခါတည်းပြောပြီး စာရင်းကောက်တာ
အဲဒီမှာ
ထုံးစံအတိုင်းပေါ့ဗျာ
ကိုယ့်ဘက်က ဘာလိုလို ကောင်မလေးက ဘာအသင်းဝင်တာလဲ
ဘာလူမျိုးလဲဆိုတာ စုံစမ်းရတာပေါ့
သိပ်ပြီး အရည်အချင်းရှိတယ်လို့တော့ မထင်နဲ့နော်
ကောင်မလေး သူငယ်ချင်းတွေကို ကင်တင်းမှာ မုန့်ဝယ်ကျွေး၊ ဒကာခံပြီး မေးရတာ
နောက်ပြီးတော့ ကိုယ့်မေဂျာက ပေါက်ပေါက်ရောက်ရောက်ရှိတဲ့ သူတွေကို
ရှေ့မျက်နှာ ထားချင်ရာထားပြီး မေးတာပေါ့
(ဘယ်ရမလဲ......အဲသလို ကြိုးစားခဲ့တာ)
အိမ်က တစ်လစာ ပို့လိုက်တဲ့ ပိုက်ဆံကို ချွေချွေတာတာသုံး
ပိုတာလေးတွေကို ကောင်မလေး သူငယ်ချင်းတွေကို ပဏ္ဏာဆက်သ
အင်း...........
အတော်လေး ကုသိုလ်ရခဲ့ကြတာပေါ့ဗျာ
အဲ......ကြားဖြတ်ပြောဦးမယ်ဗျ
လိုရင်းကလေး ရောက်သွားအောင်
အဲဒီလို တက္ကသိုလ်တွေမှာ ဖွဲ့လိုက်တဲ့ ယဉ်ကျေးမှုအသင်းက မိန်းကလေး၊ ယောက်ျားလေးတွေက
ပြည်ထောင်စုနေ့ နီးပြီဆိုရင် ကိုယ့်အဖွဲ့နဲ့ကိုယ် ရပ်ကွက်ထဲမှာ လက်မှတ်တွေ လိုက်ရောင်းရတယ်ဗျ
ဘာလိုလိုလေးတွေနဲ့ တစ်ဖွဲ့ထဲကျလို့ကတော့ဗျာ..........
ရင်ထဲမှာ ဘုရားပွဲလှည့်သလိုပေါ့
အဲ
ပြည်ထောင်စုနေ့ ရန်ပုံငွေ ဆိုင်ခန်းတွေမှာလဲ
တက္ကသိုလ်တွေမှာ ဖွဲ့လိုက်တဲ့ ယဉ်ကျေးမှုအသင်းက မိန်းကလေး၊ ယောက်ျားလေးတွေက
ရံပုံငွေဆိုင်မှာ ရောင်းရတာဗျ
ဆိုတော့ဗျာ
ရပ်ကွက်တွေကလဲ အားပေးကြပါတယ်
ကောလိပ်က ကောင်မလေးတွေက ဧည့်ခံရတာကိုးဗျ
Posted by
အောင်နိုင်ထွန်း
at
2:18 PM
0
comments
Thursday, February 14, 2008
(၁၀)တန်းကျောင်းသားဘ၀တုန်းက ကဗျာလေး
ကျွန်တော်တို့ (၁၀)တန်းကျောင်းသားဘ၀တုန်းက
ပြဌာန်းစာအုပ်ထဲမှာ ပါတဲ့ ကဗျာလေး တစ်ပုဒ်ပါ
လိုချင်လို့ ရှာနေတာ ကြာပြီ ဖြစ်ပေမဲ့ ခုမှ ပြန်ရှာတွေ့လို့
မှတ်မှတ်ရရ ပြန်တင်လိုက်ပါတယ်
ဆရာ မင်းသုဝဏ် ရေးဖွဲ့ခဲ့တာပါ
ဖိုးမောင်လာပြီ
မှိုင်းညိုညဥ့်ရိပ် လူခြေတိတ်၌
ရေဆိပ်အနား ရွာတံခါးမှ
ဂုတ်ကြားကျယ်လောင် ဆီးကြိုဟောင်သော်
ဖိုးမောင်လာပြီ ဆိုကြသည်။
ဟောင်သံရပ်၍
ထပ်ကြပ်ပေါ်လာ အသံမှာကား
ညခါငါးထောင် မောင်ဖိုးမောင်သည်
ရွာတောင်ချောင်းက ပြန်ခဲ့ပြီ။
ဖိုးမောင်သံကြား ကင်းသမားက
တံခါးကြီးအောက် မလွယ်ပေါက်ကို
တစ်ယောက်ဝင်သာ ဖွင့်လိုက်ပါသော်
ယာမှာအုပ်ဆောင်း ၀ဲတက်ချောင်းနှင့်
ခါးစောင်းကိုကိုင်း ငါးပလိုင်းကို
လွယ်သိုင်းပြီးလျှင် ရွာကိုဝင်သည်
လူပင်လေလား တစ္ဆေလား။
တစ္ဆေမကြောက် မြွေမကြောက်ပဲ
တစ်ယောက်တည်းပင် ညဥ့်မှောင်တွင်း၌
သူလျှင်ငါးရှာ မကျွေးပါက
ထိုရွာသူသား လူအများတို့
ငါစိုငါးစိမ်း ငတ်ပေအံ့။
ညတညတည့်
ချမ်းမြစိမ့်အေး လချမ်းကွေး၍
ရွာဘေးကျီပျက် မှောင်နက်နက်မှ
ဇီကွက်ကအော် တောက်တဲ့ကြော်စဉ်
ရွာပေါ်လွှမ်းအောင် ဂုတ်ကြားဟောင်သည်
ဖိုးမောင်လာချိန်ပါတကား ...
သို့ပါသော်ငြား ခါတပါးသို့
တခါးဝင်လို သူမဆိုပဲ
မောင်းကိုထုပါ လူစုပါဟေ့
ရွာကိုဘေးမှ ကာကွယ်ကြလော့
ဓါးပြငါ့အား ဖမ်း၍ထားဟု
စကားမဆုံး ဟစ်အော်တုန်းဝယ်
ဒိုင်းဒုံးဒိန်းသံ ရွာလုံးညံသည်
ချောင်းယံပဲ့တင် ထပ်သတည်း။
ဖိုးမောင်နိဂုံး ဤတွင်ဆုံးလည်း
ရွာလုံးစိတ်တွင် ဖိုးမောင်ဝင်၍
ပဲ့တင်ထပ်ကာ ဟီးလျှင်ပါတည့်
ဘယ်ခါမဆို ဆီးလင့်ကြိုသို့ . . .
မှိုင်းညိုညဥ့်ရိပ် လူခြေတိတ်၌
ရေဆိပ်အနား ရွာတံခါးမှ
ဂုတ်ကြားကျယ်လောင် ယမ်းယော်ဟောင်သော်
ဖိုးမောင်လာပြီ ဆိုမြဲပင်။ ။
(မင်းသုဝဏ်)
Posted by
အောင်နိုင်ထွန်း
at
5:43 PM
1 comments
Monday, February 11, 2008
Friday, February 8, 2008
အင်း.....ဘလော့ဂ်......ဘလော့ဂ်
ဝါသနာကလည် ခက်သားနော်
တစ်ခုခုကို စမိပြီ ဆိုရင် မရပ်မနားလုပ်ချင်တာက ခက်တယ်
ခုတော့ ဘလော့ဂ်ထဲကိုရောက်နေပြီ
ဘာဘဲလုပ်လုပ် ကိုယ့်ဘလော့ဂ်ဆီကိုဘဲ စိတ်က ရောက်ရောက်နေတယ်
လုပ်ချင်တာတွေကလဲ အများကြီး
လုပ်လို့မရသေးတာကလည်း အများကြီး
မသိသေးတာကလဲ အများကြီး
သူများတွေ ဘလော့ဂ်ကိုကြည့်လိုက်တော့လဲ လိုချင်တာတွေကလဲ အများကြီး
Posted by
အောင်နိုင်ထွန်း
at
5:04 PM
0
comments
Tuesday, February 5, 2008
Posted by
အောင်နိုင်ထွန်း
at
5:27 PM
0
comments
Sunday, February 3, 2008
ပေတံ တစ်ချောင်းလောက် လိုချင်တယ်
တစ်ချို့က ပြောမှာပေါ့
ပေတံကလေးလိုချင်တာများ......၀ယ်လိုက်ပေါ့လို့
ဟုတ်တယ်မဟုတ်လား
ဒါပေမဲ့ဗျာ
ကျွန်တော် လိုချင်တဲ့ ပေတံက ၀ယ်လို့မရဘူးဗျ
ကြီးကြီးကျယ်ကျယ်ပြောတယ်မထင်ပါနဲ့နော်
အတိတ်တစ်ချိန်က
ကျွန်တော်တို့ ငယ်စဉ်ကစလို့
ကျွန်တော်တို့တစ်တွေဟာ သူများတွေရဲ့ ပေတံနဲ့ တန်ဖိုးဖြတ်တာ ခံခဲ့ကြရပါတယ်
မိဘတွေရဲ့ ပေတံအရ ကျွန်တော် သားလိမ္မာကလေး အဖြစ် နေထိုင်ခဲ့ရတယ်ဗျာ
ဆရာတွေရဲ့ ပေတံအရ တပည့်လိမ္မာကလေးအဖြစ် နေခဲ့ရတယ်ဗျာ
ချစ်သူရဲ့ ပေတံအရ ရိုးသားတဲ့ ချစ်သူအဖြစ် နေပေးခဲ့ရတယ်ဗျာ
နောက်တော့ အလုပ်ရှင်ရဲ့ ပေတံအရ အလုပ်သမားကောင်းအဖြစ် နေခဲ့ရတယ်ဗျာ
ဇနီးတစ်ယောက်ရဲ့ ပေတံအရ ခင်ပွန်းကောင်းအဖြစ် နေခဲ့ရတယ်ဗျာ
သမီးတစ်ယောက်ရဲ့ ပေတံအရ ဖခင်ကောင်းတစ်ယောက်ဖြစ်အောင် နေခဲ့ရတယ်ဗျာ
ပေတံတွေ..........ပေတံတွေ........ပေတံတွေ..........ပေတံတွေ........
အဲဒီပေတံတွေနဲ့ တိုင်းတာမှု ဘောင်အတွင်းမှာ ဆန္ဒတွေကို ချုပ်တည်းရင်း
အင်း.........
အပြစ်ကင်းခဲ့တယ်ဗျာ
အခု ကျွန်တော် ပေတံတစ်ချောင်းလောက်လိုချင်တယ်ဗျာ
အလွန်အမင်းကို လိုချင်နေတယ်ဗျာ
အဲဒီ ပေတံနဲ့ ကိုယ့်ကိုကိုယ် တိုင်းမယ်ဗျာ
သူများတွေကို တိုင်းမယ်ဗျာ
ဒီတော့
ကျွန်တော် ပေတံတစ်ချောင်းလောက်လိုချင်တယ်ဗျာ
အလွန်အမင်းကို လိုချင်နေတယ်ဗျာ
Posted by
အောင်နိုင်ထွန်း
at
1:19 PM
0
comments
Friday, February 1, 2008
လူတစ်ယောက်ရဲ့ အရေပြား
လူရယ်လို့ ဖြစ်လာပြီဆိုရင်
လူမှ မဟုတ်ပါဘူးဗျာ
သက်ရှိ သတ္တ၀ါမှန်သမျှဟာ ဥတုသုံးပါးဒဏ် ကာကွယ်ဖို့အတွက်
လူကတော့ နည်းနည်းပိုတာပေါ့ဗျာ
အပေါ်ယံ ဟန်လုပ်ဖို့ ခန္ဓာကိုယ်အတွက် အကာအကွယ်ပေးနိုင်ဖို့အတွက်
အရေပြားဆိုတာ ပါလာကြတာပေါ့ဗျာ
တစ်ချို့တစ်လေကျတော့ အရေပြားက ပါးလျလျ၊ မွဲခြောက်ခြောက်
အထိအခိုက် အစွန်းအထင်းမခံနိုင်
မြင်ယုံနဲ့ အထင်ကြီးစရာမရှိတဲ့ အနေအထား
တစ်ချို့တွေများကျတော့ဗျာ
ကောင်းလိုက်တဲ့ အရေပြား ရွှန်းစိုမှု၊ တောက်ပမှုတွေ အပြည့်နဲ့
ဘ၀ပေး ကုသိုလ်ကံများ ကွာခြားလိုက်ကြတာ
အဲသည် အရေပြား စပါးလုံး တစ်ထောက်စာရဲ့ အောက်မှာ
ငုပ်လျှိုးကွယ်ပျောက်နေတဲ့ လူတစ်ယောက်ရဲ့ အစ္ဖျတ္တပုံရိပ်ကို ဘယ်လိုများ ရှိနေနိုင်သလဲလို့
ကျွန်တော်တို့တစ်တွေ ဘယ်နှစ်ခါများ တွေးမြင်ကြည့်ဖူးပါသလဲ
ကျွန်တော်တို့တစ်တွေဟာ လူတစ်ယောက်ကို သူ့ရဲ့ အရေပြားပေါ်မှာဘဲ
ကြည့်ပြီး အမှတ်တွေ ပေးနေခဲ့ကြတာ ကာလ ဘယ်လောက်ကြာပြီလဲ
အရေအတွက် ဘယ်လောက် များခဲ့ပြီလဲ
Posted by
အောင်နိုင်ထွန်း
at
4:35 PM
0
comments
Wednesday, January 30, 2008
ငယ်မူပြန်
ဖတ်ခဲဖူးသော၊ စွဲလန်းခဲ့ဖူးသော ကဗျာတစ်ပုဒ်ပါ
ဆရာမောင်စိန်ဝင်း(ပုတီးကုန်း) ရေးခဲ့တာပါ
ဖတ်ခဲ့တာ ကြာပြီဆိုတော့ နဲနဲတော့ မှားနေလိမ့်မယ်ထင်ပါတယ်
သွားဖို့မနီး၊ တစ်ခရီးထဲ
ဝဲစုပ်တော့လှေယိုင်၊ ပဲ့ကိုင်ရင်း လှေစောင်း
လှေဝမ်းခေါင်း ပေါက်ချင်ပေါက်
မှောက်လည်းအတူတူ
ရောက်လည်း အတူတူ
ကူညီအားဖြည့်
နားလည်ကြည့်နော်
နောက်ပြန်လှည်လို့ မဖြစ်ဘူး
Posted by
အောင်နိုင်ထွန်း
at
4:47 PM
0
comments
Tuesday, January 29, 2008
အတိတ်တစ်ချိန်တုန်းက တောင်ကြီး တက္ကသိုလ် ကျောင်းသားဘ၀ (၂)
ပြောရမယ်ဆိုရင်တော့ ၁၉၈၅-၈၆ ခုနှစ်လောက်က ဆယ်တန်းအောင်ပြီး တက္ကသိုလ် စတင် တက်ရောက်မဲ့
ကျွန်တော်တို့အရွယ် (အဲဒီအချိန်တုန်းကတော့) လူမမယ်ကလေးတွေဟာ
ရိုးသားတယ်ပြောရမလား၊ ဒါမှမဟုတ် လူရည်မလည်ဘူးလို့ပြောရမလား
အပြစ်ကင်းစင်တယ် ပြောရမလား၊ ဒါမှမဟုတ် အတွေ့အကြုံ ဗဟုသုတ နည်းတယ်ပြောရမလား
ဘယ်လိုပြောရမလဲ မသိပေမဲ့
အဲဒီအချိန်ကာလတုန်းက ဖျော်ဖြေရေး ပစ္စည်းတွေ (ကက်ဆက်ကိုတောင်မှ အိမ်တိုင်း ပိုင်ဆိုင်တဲ့အခြေအနေ မဟုတ်ဘူးလေ တီဗွီဆို ပိုဆိုးပေါ့)
ဒီတော့ ကျွန်တော်တို့အနေနဲ့ ပါတ်ဝန်းကျင်လေ့လာရေး၊ ပြင်ပ ကမ္ဘာကြီးကို မျှော်ကြည့်ဖို့ အရေး
စကားလုံး ခပ်ကြီးကြီး သုံးရမယ်ဆိုရင်တော့ ဗဟုသုတ ရှာမှီးရေးပေါ့
ဟုတ်တယ်လေ..............
ကိုယ်မသိတဲ့ ကိစ္စတွေ၊ မတတ်သေးတဲ့ အတတ်ပညာတွေ လေ့လာတာ
ရှာဖွေတာ၊ ဆည်းပူးတာ ဗဟုသုတ ရှာမှီးတာဘဲပေါ့
(၁၀)တန်းအောင်မြင်သည်အထိ အိမ်ကနေ ကျောင်းသွား
ကျောင်းမှာ စာသင်၊ ပြီးရင်အိမ်ပြန် သံသရာ ထဲမှာ ကျင်လည်နေခဲ့ကြရတာပေါ့ဗျာ
လွန်ရောကျွံရော ကျောင်းပြီးလို့ အိမ်မပြန်ခင်
ဒါမှမဟုတ် နဲနဲ နောက်ကျမှပြန်
သူငယ်ချင်းတွေ ဘောလုံး ချိန်းကန်တာလောက်ဘဲ ရှိကြတာကိုးဗျ
ကျောင်းပြင်ပ လှုပ်ရှားမှုတွေကလည်း ကျယ်ကျယ်ပြန့်ပြန့် မရှိကြသေးဘူးလေ
နောက်တစ်ခုက အခု ပြောပြောနေကြတဲ့ ဂလိုဘယ်လိုက်ဇေးရှင်း ဆိုတာ ကြားတောင်မှ မကြားဖူးသေးတာ
ဘယ်သိနိုင်ပါ့မလဲ
ဆိုလိုတာက .......ဗျာ
လူမှုရေး ကျဉ်းမြောင်းတယ် (ဒါမှမဟုတ်) ရှေးရိုး အယူသည်းတယ်ဗျ
လက်ဖက်ရည်ဆိုင်ဆိုတာကတောင် တစ်မြို့လုံးမှာ လက်ချိုးရေလို့ ရသဗျ
ပိုတယ်မထင်နဲ့နော် အဲဒီအချိန်တုန်းက လူတွေ ပြန်မေးကြည့်
တစ်ခုတော့ ရှိတယ်ဗျ
ကျွန်တော် ပေရှည်နေတာမဟုတ်ဘူးနော်
ကျွန်တော်တို့ ဖြတ်သန်းလာခဲ့ရတဲ့ တက္ကသိုလ် ကျောင်းသားဘ၀နဲ့
အခုခေတ် လူငယ်တွေ ဖြတ်သန်းနေကြတဲ့ဘဝ
ကွာဟချက်များတာကို ပြောပြချင်လို့ နိဒါန်းလေး ပျိုးနေတာပါ
ထားပါဗျာ
လိုရင်းချုပ်ရရင်တော့ ကျွန်တော်တို့ (၁၀)တန်း အောင်လို့ တက္ကသိုလ် ကျောင်းတော်သားကြီး ဖြစ်လာတဲ့အချိန်မှာ
State ကျောင်းသားတွေဘ၀၊ အမြင်၊ အသိတွေ အတိုင်းဘဲ ရှိနေသေးတာကို ပြောပြချင်တာပါ
ကျွန်တော်က ရပ်စောက်သားဗျ
ကျောင်းတက်တဲ့အခါကျတော့ ကိုယ့်မြို့က ကျောင်းတက်တဲ့ ကလေးတွေ အဆင်ပြေအောင်ဆိုပြီးတော့
ကျွန်တော်တို့ မြို့က လူကြီးတွေက တောင်ကြီးမှာ အဆောင်တစ်ခု ဆောက်ထားပေးတယ်ဗျ
အလကား နေလို့တော့ မရဘူးပေါ့
ထမင်းကျွေးတယ်၊ အဆောင်လခ ပေးရတယ်
ထမင်းစရိတ်ရယ်၊ အဆောင်လခရယ်၊ ရေဖိုး၊ မီးဖိုး စုစုပေါင်း တစ်လ (၁၂၀) ကျပ်ပေးရတယ်
မယုံမရှိနဲ့ဗျ
အဲဒီလူတွေ ခုထိ သက်ရှိ ထင်ရှား ရှိသေးတယ်၊ မေးကြည့်လို့ရတယ်
ကျွန်တော်တို့ မြို့က အဆောင်က အခု (၂၁၂) တပ်ရှေ့က ခြံဝင်းအကျယ်ကြီးနဲ့
အခုတော့ ကမ္ဘောဇဘဏ်က အဆောင်ဖွင့်ထားလေရဲ့
အဲဒီမှာ အဆောင်နေခဲ့ကြရတာခင်ဗျ..........................
Posted by
အောင်နိုင်ထွန်း
at
5:19 PM
0
comments
Labels: အမှတ်တရ
မပြောချင်တော့ပါဘူး
ကျွန်တော်ဗျာ.........
အမျိုးသားရေး တာဝန်တစ်ရပ်အနေနဲ့
(ခေတ်ကာလရဲ့ လိုအပ်ချက်အရပေါ့ဗျာ)
ကလေးကို ကျောင်းပို့တယ်၊ကြိုတယ်ဗျာ
အဲသည်မှာ ဘာတွေ့ရလဲဆိုတော့
မိဘတွေလေ...........မိဘတွေပေါ့
ကလေးကို
ကျောင်းကပြန်၊ ကျူရှင်ပို့၊
ကျူရှင်ကပြန် စာကျက်ဝိုင်းပို့
ကျောင်းသားတွေ ပညာရေးမှာ မနားရသလို မိဘတွေကလဲ
ကျောင်းလိုက်မတက်ရုံတမယ်ပါဘဲ
ပညာရေးကို အဲသလို အားပေးကြတာ ခင်ဗျ
ကလေးအချင်းချင်း ပညာရေးပြိုင်ကြသလို အချင်းချင်းလည်း ပြိုင်ကြသဗျ
ခက်တာက မိဘတွေ၊ မောင်ဖွားတွေရဲ့ အသိစိတ်၊ အများတကာကို အားနာရကောင်းမှန်း မသိတဲ့စိတ်
ဒါတွေကလည်း အများကြီးဘဲဗျ
ပြောရမယ်ဆိုရင် ကျောင်းရှေ့လမ်းမှာက ဆိုင်ကယ်၊ ကားရပ်ဖို့ နေရာက ကျဉ်းကျဉ်းလေးရယ်
တစ်ချို့သူတွေက လမ်းနဲ့ ဒေါင်လိုက် ရပ်ကြတော့ ဆိုင်ကယ်တွေက
စီစီရီရီလေးဆို အစီး နှစ်ဆယ်လောက် ရပ်လို့ ရတယ်
ဒါပေမဲ့ တစ်ချို့က လမ်းနဲ့ အလျားလိုက် ရပ်လိုက်တော့ သွားရောပေါ့
သုံး လေးစီးလောက် ရပ်လိုက်တာနဲ့ နေရာက ပြည့်သွားပြီ
ကျန်တဲ့ ဆိုင်ကယ်တွေက ရပ်စရာ မရှိတော့ လမ်းဘေးမှာတင်ရပ်
ကားတွေ လာတော့ လမ်းကမလွတ်
ဒါတွေက ကျောင်းဆင်း၊ ကျောင်းတက်ချိန်တိုင်း တွေ့နေကျ မြင်ကွင်းတစ်ခု
လူတွေက ကိုယ်လုပ်လိုက်တဲ့ ကိစတစ်ခုကို ကိုယ်အဆင်ပြေရင်ပြီးရော
ကျန်တဲ့သူတွေ အတွက် မကြည့်တတ်ကြတော့ဘူး
နောက်တစ်ခုက
ဖက်ရှင်လိုဖြစ်နေကြတာ
လမ်းမှာ ဆိုင်ကယ်ယှဉ်စီးရင်း စကားတွေပြော
နောက်က လာမဲ့ ကားတွေ၊ ဆိုင်ကယ်တွေအတွက် လမ်းကမဖယ်ပေးတော့ဘူး
လူတွေ ယဉ်ကျေးမှု အတော် ခေါင်းပါးလာကြသလားမသိတော့ပါဘူးဗျာ
Posted by
အောင်နိုင်ထွန်း
at
3:52 PM
0
comments







