Subscribe

RSS Feed (xml)

Powered By

Skin Design:
Free Blogger Skins

Powered by Blogger

Sunday, February 3, 2008

ပေတံ တစ်ချောင်းလောက် လိုချင်တယ်

ကျွန်တော် ခုတစ်လောမှာ ပေတံ တစ်ချောင်း အပြင်းအထန် လိုချင်နေတယ်ဗျာ
တစ်ချို့က ပြောမှာပေါ့
ပေတံကလေးလိုချင်တာများ......၀ယ်လိုက်ပေါ့လို့
ဟုတ်တယ်မဟုတ်လား

ဒါပေမဲ့ဗျာ
ကျွန်တော် လိုချင်တဲ့ ပေတံက ၀ယ်လို့မရဘူးဗျ
ကြီးကြီးကျယ်ကျယ်ပြောတယ်မထင်ပါနဲ့နော်
အတိတ်တစ်ချိန်က
ကျွန်တော်တို့ ငယ်စဉ်ကစလို့
ကျွန်တော်တို့တစ်တွေဟာ သူများတွေရဲ့ ပေတံနဲ့ တန်ဖိုးဖြတ်တာ ခံခဲ့ကြရပါတယ်
မိဘတွေရဲ့ ပေတံအရ ကျွန်တော် သားလိမ္မာကလေး အဖြစ် နေထိုင်ခဲ့ရတယ်ဗျာ
ဆရာတွေရဲ့ ပေတံအရ တပည့်လိမ္မာကလေးအဖြစ် နေခဲ့ရတယ်ဗျာ
ချစ်သူရဲ့ ပေတံအရ ရိုးသားတဲ့ ချစ်သူအဖြစ် နေပေးခဲ့ရတယ်ဗျာ
နောက်တော့ အလုပ်ရှင်ရဲ့ ပေတံအရ အလုပ်သမားကောင်းအဖြစ် နေခဲ့ရတယ်ဗျာ
ဇနီးတစ်ယောက်ရဲ့ ပေတံအရ ခင်ပွန်းကောင်းအဖြစ် နေခဲ့ရတယ်ဗျာ
သမီးတစ်ယောက်ရဲ့ ပေတံအရ ဖခင်ကောင်းတစ်ယောက်ဖြစ်အောင် နေခဲ့ရတယ်ဗျာ
ပေတံတွေ..........ပေတံတွေ........
ပေတံတွေ..........ပေတံတွေ........
အဲဒီပေတံတွေနဲ့ တိုင်းတာမှု ဘောင်အတွင်းမှာ ဆန္ဒတွေကို ချုပ်တည်းရင်း
အင်း.........
အပြစ်ကင်းခဲ့တယ်ဗျာ
အခု ကျွန်တော် ပေတံတစ်ချောင်းလောက်လိုချင်တယ်ဗျာ
အလွန်အမင်းကို လိုချင်နေတယ်ဗျာ
အဲဒီ ပေတံနဲ့ ကိုယ့်ကိုကိုယ် တိုင်းမယ်ဗျာ
သူများတွေကို တိုင်းမယ်ဗျာ
ဒီတော့
ကျွန်တော် ပေတံတစ်ချောင်းလောက်လိုချင်တယ်ဗျာ
အလွန်အမင်းကို လိုချင်နေတယ်ဗျာ

No comments: