ဘာမှတော့ မဟုတ်ပါဘူး ကိုယ်ပြောချင်နေတဲ့ အကြောင်းလေးတစ်ခုကို
ခေါင်းစဉ်တပ်လိုက်တာပါ
ကျွန်တော်တို့တစ်တွေ တစ်ယောက်နဲ့ တစ်ယောက် အပြန်အလှန် ဆက်သွယ်နေကြတာမှာ
နှုတ်နဲ့ ဆက်သွယ်မှုက အင်း...........
၉၉% လောက်တော့ ရှိမှာပေါ့ဗျာ
ဆိုလိုတာက တစ်ဦးနဲ့ တစ်ဦး
စကားတွေ ပြောကြတယ်ဗျာ
အကြောင်းအရာပေါင်းစုံ၊ နယ်ပယ်ပေါင်းစုံကို
လေသံ အတက်အကျ အနိမ့်အမြင့်၊ အဆွဲအငင်၊ အဖြတ်အတောက်
မျိုးစုံပြောကြတယ်ဗျာ
အဲ...........
အဓိကပြောချင်တာက အဲဒါဗျ
အပြောမတတ်တော့ ဆဲသလို ဆိုသလိုဘဲ ကိုယ့်ရဲ့ လေယူလေသိမ်း၊
အဖြတ်အတောက် လွဲမှားသွားလို့ သဘောပေါက် လွဲမှားတာတွေ ရှိလာမယ်
တမင်တကာဘဲဖြစ်ဖြစ် နစ်နာအောင် ပြောဆိုလိုက်တာတွေ ရှိလာမယ်
အဲဒီလို ပြောလိုက်တဲ့ စကားတွေက ရံဖန်ရံခါမှာ တစ်ဖက်လူကို ဒေါသထွက်စေမယ်ဆိုရင်
သူ့ရဲ့ ဒေါသကို ပြောသူက ပြန်ခံရတော့မှာပေါ့
အညှိုးအတေးဖြစ်သွားရင်တော့ ကလဲ့စားပေါ့
နောက်ဆုံးပြောချင်တာက ကာလရှည်ကြာသည်အထိ မေ့ပျောက်
ပြေပျောက်မသွားနိုင်တဲ့
တစ်ဖက်သားရဲ့ ရင်ထဲမှာ အကြိတ်အခဲ တစ်ခုအနေနဲ့ အချိန်အကြာကြီး ရှိနေမဲ့
စကားမျိုးကို မပြောမိစေဖို့ပါ
(ကျွန်တော်ကိုယ်တိုင်ကိုယ်က အဲသလို သိမ်းထားရတဲ့ စကားတွေ အများကြီးဘဲ)
Halal food alternatives in Taiwan - Vegetarian meals
-
Since finding halal food can be quite cumbersome in Taiwan, you can go for
vegetarian meals as an alternative. Most Taiwanese practice Mahayana
Buddhism w...
7 years ago
No comments:
Post a Comment