Subscribe

RSS Feed (xml)

Powered By

Skin Design:
Free Blogger Skins

Powered by Blogger

Thursday, September 4, 2008

အဆင်မပြေမှုများ

အဆင်မပြေတာတွေကို ဘလော့ဂ်ထဲလာပြီး ရင်ဖွင့်သလို ဖြစ်နေပြီ
မတတ်နိုင်ဘူးလေ
ဒီစကားတွေက ကာယကံရှင်ကို ပြောလို့ဖြစ်တာမှ မဟုတ်တာ
ပြောလဲ ပြဿနာ ပိုကြီးယုံကလွဲလို့ ဘာဖြစ်လာမှာမို့လဲ

ခက်လိုက်ကြတဲ့လူတွေဗျာ
“ခင်ဗျားကကော လူမဟုတ်ဘူးလား” လို့မေးရင်တော့ ကျွန်တော်လဲ လူပါဘဲဗျာ
ခက်တဲ့ထဲမှာတော့ ပါတာပေါ့
ခပ်ဖေါ့ဖေါ့လေးပြောရရင်တော့ ကိုယ့်ကိုကိုယ် သိပ်ခက်တဲ့အထဲမှာတော့မပါဘူးလို့ ထင်တာဘဲ
ထားပါတော့လေ
ကိုယ့်ထက် ငယ်တဲ့သူတွေ
ကိုယ့်ကို ဘာမှ ပြန်မလုပ်နိုင်တဲ့သူတွေ
ကိုယ့်ကို ဘာမှ မယှဉ်ပြိုင်နိုင်တဲ့သူတွေကိုဘဲ ဘာဖြစ်လို့ ထပ်ခါတလဲလဲ
နှိပ်စက်နေကြတာလဲဗျာ
ဘာဖြစ်လို့ ပိန္နဲပင်ကို လာလာပြီး ဆွဲထည့်နေကြတာလဲ
ပြဿနာမရှိ ဘာလို့ ပြဿနာ လာလာရှာနေကြတာလဲ

No comments: