ပြောရမယ်ဆိုရင်တော့ ၁၉၈၅-၈၆ ခုနှစ်လောက်က ဆယ်တန်းအောင်ပြီး တက္ကသိုလ် စတင် တက်ရောက်မဲ့
ကျွန်တော်တို့အရွယ် (အဲဒီအချိန်တုန်းကတော့) လူမမယ်ကလေးတွေဟာ
ရိုးသားတယ်ပြောရမလား၊ ဒါမှမဟုတ် လူရည်မလည်ဘူးလို့ပြောရမလား
အပြစ်ကင်းစင်တယ် ပြောရမလား၊ ဒါမှမဟုတ် အတွေ့အကြုံ ဗဟုသုတ နည်းတယ်ပြောရမလား
ဘယ်လိုပြောရမလဲ မသိပေမဲ့
အဲဒီအချိန်ကာလတုန်းက ဖျော်ဖြေရေး ပစ္စည်းတွေ (ကက်ဆက်ကိုတောင်မှ အိမ်တိုင်း ပိုင်ဆိုင်တဲ့အခြေအနေ မဟုတ်ဘူးလေ တီဗွီဆို ပိုဆိုးပေါ့)
ဒီတော့ ကျွန်တော်တို့အနေနဲ့ ပါတ်ဝန်းကျင်လေ့လာရေး၊ ပြင်ပ ကမ္ဘာကြီးကို မျှော်ကြည့်ဖို့ အရေး
စကားလုံး ခပ်ကြီးကြီး သုံးရမယ်ဆိုရင်တော့ ဗဟုသုတ ရှာမှီးရေးပေါ့
ဟုတ်တယ်လေ..............
ကိုယ်မသိတဲ့ ကိစ္စတွေ၊ မတတ်သေးတဲ့ အတတ်ပညာတွေ လေ့လာတာ
ရှာဖွေတာ၊ ဆည်းပူးတာ ဗဟုသုတ ရှာမှီးတာဘဲပေါ့
(၁၀)တန်းအောင်မြင်သည်အထိ အိမ်ကနေ ကျောင်းသွား
ကျောင်းမှာ စာသင်၊ ပြီးရင်အိမ်ပြန် သံသရာ ထဲမှာ ကျင်လည်နေခဲ့ကြရတာပေါ့ဗျာ
လွန်ရောကျွံရော ကျောင်းပြီးလို့ အိမ်မပြန်ခင်
ဒါမှမဟုတ် နဲနဲ နောက်ကျမှပြန်
သူငယ်ချင်းတွေ ဘောလုံး ချိန်းကန်တာလောက်ဘဲ ရှိကြတာကိုးဗျ
ကျောင်းပြင်ပ လှုပ်ရှားမှုတွေကလည်း ကျယ်ကျယ်ပြန့်ပြန့် မရှိကြသေးဘူးလေ
နောက်တစ်ခုက အခု ပြောပြောနေကြတဲ့ ဂလိုဘယ်လိုက်ဇေးရှင်း ဆိုတာ ကြားတောင်မှ မကြားဖူးသေးတာ
ဘယ်သိနိုင်ပါ့မလဲ
ဆိုလိုတာက .......ဗျာ
လူမှုရေး ကျဉ်းမြောင်းတယ် (ဒါမှမဟုတ်) ရှေးရိုး အယူသည်းတယ်ဗျ
လက်ဖက်ရည်ဆိုင်ဆိုတာကတောင် တစ်မြို့လုံးမှာ လက်ချိုးရေလို့ ရသဗျ
ပိုတယ်မထင်နဲ့နော် အဲဒီအချိန်တုန်းက လူတွေ ပြန်မေးကြည့်
တစ်ခုတော့ ရှိတယ်ဗျ
ကျွန်တော် ပေရှည်နေတာမဟုတ်ဘူးနော်
ကျွန်တော်တို့ ဖြတ်သန်းလာခဲ့ရတဲ့ တက္ကသိုလ် ကျောင်းသားဘ၀နဲ့
အခုခေတ် လူငယ်တွေ ဖြတ်သန်းနေကြတဲ့ဘဝ
ကွာဟချက်များတာကို ပြောပြချင်လို့ နိဒါန်းလေး ပျိုးနေတာပါ
ထားပါဗျာ
လိုရင်းချုပ်ရရင်တော့ ကျွန်တော်တို့ (၁၀)တန်း အောင်လို့ တက္ကသိုလ် ကျောင်းတော်သားကြီး ဖြစ်လာတဲ့အချိန်မှာ
State ကျောင်းသားတွေဘ၀၊ အမြင်၊ အသိတွေ အတိုင်းဘဲ ရှိနေသေးတာကို ပြောပြချင်တာပါ
ကျွန်တော်က ရပ်စောက်သားဗျ
ကျောင်းတက်တဲ့အခါကျတော့ ကိုယ့်မြို့က ကျောင်းတက်တဲ့ ကလေးတွေ အဆင်ပြေအောင်ဆိုပြီးတော့
ကျွန်တော်တို့ မြို့က လူကြီးတွေက တောင်ကြီးမှာ အဆောင်တစ်ခု ဆောက်ထားပေးတယ်ဗျ
အလကား နေလို့တော့ မရဘူးပေါ့
ထမင်းကျွေးတယ်၊ အဆောင်လခ ပေးရတယ်
ထမင်းစရိတ်ရယ်၊ အဆောင်လခရယ်၊ ရေဖိုး၊ မီးဖိုး စုစုပေါင်း တစ်လ (၁၂၀) ကျပ်ပေးရတယ်
မယုံမရှိနဲ့ဗျ
အဲဒီလူတွေ ခုထိ သက်ရှိ ထင်ရှား ရှိသေးတယ်၊ မေးကြည့်လို့ရတယ်
ကျွန်တော်တို့ မြို့က အဆောင်က အခု (၂၁၂) တပ်ရှေ့က ခြံဝင်းအကျယ်ကြီးနဲ့
အခုတော့ ကမ္ဘောဇဘဏ်က အဆောင်ဖွင့်ထားလေရဲ့
အဲဒီမှာ အဆောင်နေခဲ့ကြရတာခင်ဗျ..........................
Tuesday, January 29, 2008
အတိတ်တစ်ချိန်တုန်းက တောင်ကြီး တက္ကသိုလ် ကျောင်းသားဘ၀ (၂)
Posted by
အောင်နိုင်ထွန်း
at
5:19 PM
0
comments
Labels: အမှတ်တရ
မပြောချင်တော့ပါဘူး
ကျွန်တော်ဗျာ.........
အမျိုးသားရေး တာဝန်တစ်ရပ်အနေနဲ့
(ခေတ်ကာလရဲ့ လိုအပ်ချက်အရပေါ့ဗျာ)
ကလေးကို ကျောင်းပို့တယ်၊ကြိုတယ်ဗျာ
အဲသည်မှာ ဘာတွေ့ရလဲဆိုတော့
မိဘတွေလေ...........မိဘတွေပေါ့
ကလေးကို
ကျောင်းကပြန်၊ ကျူရှင်ပို့၊
ကျူရှင်ကပြန် စာကျက်ဝိုင်းပို့
ကျောင်းသားတွေ ပညာရေးမှာ မနားရသလို မိဘတွေကလဲ
ကျောင်းလိုက်မတက်ရုံတမယ်ပါဘဲ
ပညာရေးကို အဲသလို အားပေးကြတာ ခင်ဗျ
ကလေးအချင်းချင်း ပညာရေးပြိုင်ကြသလို အချင်းချင်းလည်း ပြိုင်ကြသဗျ
ခက်တာက မိဘတွေ၊ မောင်ဖွားတွေရဲ့ အသိစိတ်၊ အများတကာကို အားနာရကောင်းမှန်း မသိတဲ့စိတ်
ဒါတွေကလည်း အများကြီးဘဲဗျ
ပြောရမယ်ဆိုရင် ကျောင်းရှေ့လမ်းမှာက ဆိုင်ကယ်၊ ကားရပ်ဖို့ နေရာက ကျဉ်းကျဉ်းလေးရယ်
တစ်ချို့သူတွေက လမ်းနဲ့ ဒေါင်လိုက် ရပ်ကြတော့ ဆိုင်ကယ်တွေက
စီစီရီရီလေးဆို အစီး နှစ်ဆယ်လောက် ရပ်လို့ ရတယ်
ဒါပေမဲ့ တစ်ချို့က လမ်းနဲ့ အလျားလိုက် ရပ်လိုက်တော့ သွားရောပေါ့
သုံး လေးစီးလောက် ရပ်လိုက်တာနဲ့ နေရာက ပြည့်သွားပြီ
ကျန်တဲ့ ဆိုင်ကယ်တွေက ရပ်စရာ မရှိတော့ လမ်းဘေးမှာတင်ရပ်
ကားတွေ လာတော့ လမ်းကမလွတ်
ဒါတွေက ကျောင်းဆင်း၊ ကျောင်းတက်ချိန်တိုင်း တွေ့နေကျ မြင်ကွင်းတစ်ခု
လူတွေက ကိုယ်လုပ်လိုက်တဲ့ ကိစတစ်ခုကို ကိုယ်အဆင်ပြေရင်ပြီးရော
ကျန်တဲ့သူတွေ အတွက် မကြည့်တတ်ကြတော့ဘူး
နောက်တစ်ခုက
ဖက်ရှင်လိုဖြစ်နေကြတာ
လမ်းမှာ ဆိုင်ကယ်ယှဉ်စီးရင်း စကားတွေပြော
နောက်က လာမဲ့ ကားတွေ၊ ဆိုင်ကယ်တွေအတွက် လမ်းကမဖယ်ပေးတော့ဘူး
လူတွေ ယဉ်ကျေးမှု အတော် ခေါင်းပါးလာကြသလားမသိတော့ပါဘူးဗျာ
Posted by
အောင်နိုင်ထွန်း
at
3:52 PM
0
comments