Subscribe

RSS Feed (xml)

Powered By

Skin Design:
Free Blogger Skins

Powered by Blogger

Monday, August 18, 2008

တွေးမိတွေးရာ

ကျွန်တော်တို့ရဲ့ စိတ်ထွက်ပေါက်တစ်ခုဖြစ်တဲ့ blog ကြီးလဲ ဘန်းခံထားရတာ ကြာပြီ
ဘန်းကျော်လိုက်ပြန်တော့ ကွန်နက်ရှင်က ဆန့်ငင်ဆန့်ငင်
အဲဒါနဲ့ စိတ်နာနာနဲ့ကို ပစ်ထားလိုက်တာ အတော်ကြီးကို ကြာခဲ့ပြီ

blog လည်းမရေးဖြစ်
အင်တာနက်ဝင်ရင်လဲ mail လေးဘာလေးစစ်၊ တရားဝင် ဖွင့်ထားပေးတဲ့forums တွေမှာ
ပေါက်တတ်ကရတွေရေး
အင်တာနက်ဆိုတာကြီးကို ပေါ့ပေါ့ပါးပါးသုံးနေရင်းနဲ့
လူကလည်း ပေါက်တတ်ကရလို့ ပြောရမလား
ပေါ့ပျက်ပျက်လို့ဘဲ ပြောရမလား
ခပ်ကြောင်ကြောင်ဖြစ်ချင်သလိုလို
ဒီနေ့မနက် ခပ်ပျင်းပျင်းနဲ့ လက်ဖက်ရည်ဆိုင် ထွက်ထိုင်ဖြစ်တယ်
နေ့တိုင်းလည်း ထိုင်ဖြစ်တာပါဘဲ
ဒါပေမဲ့ ဒီနေ့မှ ပါတ်ဝန်းကျင်က လူတွေကို ကြည့်ပြီး အတွေးတစ်ခု ပေါက်လာတယ်ဗျ

လူတွေလူတွေ
ပါးစပ်ထဲကို အဖတ်တွေ သွတ်သွင်းလိုက်
အရည်တွေ လောင်းချလိုက်
အငွေ့တွေ ရှူသွင်းလိုက်နဲ့

ပေါက်တတ်ကရ တွေးမိပုံများ ပြောပါတယ်
တရားထိုင်နေတယ်ဆိုရင်လဲ ကိုယ့်ကိုကိုယ် ပြန်တွေးကြည့်ရင်တော့ တရားဘဲ ပေါက်ချင်သလိုလို
ခုဟာက တရားထိုင်တာလဲမဟုတ်
လက်ဖက်ရည်ဆိုင် ထိုင်ရင်းနဲ့ လျှောက်တွေးမိတာပါ
ကျွန်တော် ခပ်ကြောင်ကြောင်များ ဖြစ်နေပြီလားမသိ

No comments: