Subscribe

RSS Feed (xml)

Powered By

Skin Design:
Free Blogger Skins

Powered by Blogger

Friday, February 29, 2008

ပေးထားချက် တူညီနေသော ပုစ္ဆာများ

ငယ်ငယ်တုန်းကပေါ့ဗျာ
ကျွန်တော်တို့ (၉)တန်း၊ (၁၀)တန်းလောက်မှာ ဂျီသြမေတြီပုစ္ဆာတွေ၊ တြီဂိုပုစ္ဆာတွေ တွက်ခဲ့ကြရတယ်ဗျာ
ပုစ္ဆာအဖြေထွက်ဖို့အတွက် ပေးထားချက်၊ ပြရန်၊ ပြုလုပ်ချက် ဆိုပြီး အဆင့်ဆင့် တွက်ခဲ့ကြတာပေါ့ဗျာ
ပုစ္ဆာအဖြေထွက်ဖို့အတွက် ပေးထားချက်တွေကို အသုံးပြုပြီး ခေါင်းတွေပူအောင် စဉ်းစားခဲ့ကြရတာပေါ့ဗျာ

ငယ်စဉ်တုန်းက မစဉ်းစားမိခဲ့ပေမဲ့ လက်တွေ့ ဘ၀နယ်ပယ်မှာ ကျင်လည်လာရင်းနဲ့ တဖြည်းဖြည်း
သဘောပေါက်လာခဲ့ရပါတယ်
ချွင်းချက်အချို့ ရှိနိုင်ပေမဲ့ အများစုအတွက် မှန်ကန်နေနိုင်လို့၊ မှန်ကန်တယ်ထင်လို့ ဆက်ပြီး စဉ်းစားမိတယ်
ကျွန်တော်တို့ တော်တော်များများအတွက် သဘာဝက ပေးထားချက်တွေဟာ ယေဘုယျအားဖြင့်တော့
တူကြတယ်ခင်ဗျ
အခြေခံက စပြောမယ်ဆိုရင်တော့ ပုခုံးနှစ်ဖက်ကြား ခေါင်းပေါက်လာကြတဲ့သူတွေ

ခြေနှစ်ဖက်၊ လက်နှစ်ဖက် အစရှိသဖြင့်ပေါ့လေ
လူ့အင်္ဂါတွေအားလုံး သာတူညီမျှပါဘဲ
အဲဒီ ပေးထားချက်တွေကို အသုံးချရင်း၊ ကျွန်တော်တို့တစ်တွေ ဘ၀ရဲ့ ပုစ္ဆာတွေကို ဖြေရှင်းခဲ့ကြပါတယ်
ဒါပေမဲ့ ပေးထားချက်လောက်နဲ့တော့ ပုစ္ဆာရဲ့ အဖြေမထွက်နိုင်တာကို ကျွန်တော်တို့ တစ်ခါတစ်လေမှာ
မေ့လျော့နေတတ်ကြပါတယ်
ပုစ္ဆာတစ်ပုဒ်ရဲ့ အသက်က ပေးထားချက်အပြင် ပြုလုပ်ချက်တွေ အရေးကြီးမှန်း သတိမမူမိကြဘဲ
ပုစ္ဆာကိုသာ ဖြေရှင်းဖို့ ခေါင်းတွေနောက်အောင် စဉ်းစားနေမိကြတာ များပါတယ်
ရေလိုက်လွဲနေမှတော့ ဘယ်မှာလာပြီး ရေကြည်သောက်ရပါတော့မလဲဗျာ

No comments: