ကျွန်တော်တို့ (၁၀)တန်းကျောင်းသားဘ၀တုန်းက
ပြဌာန်းစာအုပ်ထဲမှာ ပါတဲ့ ကဗျာလေး တစ်ပုဒ်ပါ
လိုချင်လို့ ရှာနေတာ ကြာပြီ ဖြစ်ပေမဲ့ ခုမှ ပြန်ရှာတွေ့လို့
မှတ်မှတ်ရရ ပြန်တင်လိုက်ပါတယ်
ဆရာ မင်းသုဝဏ် ရေးဖွဲ့ခဲ့တာပါ
ဖိုးမောင်လာပြီ
မှိုင်းညိုညဥ့်ရိပ် လူခြေတိတ်၌
ရေဆိပ်အနား ရွာတံခါးမှ
ဂုတ်ကြားကျယ်လောင် ဆီးကြိုဟောင်သော်
ဖိုးမောင်လာပြီ ဆိုကြသည်။
ဟောင်သံရပ်၍
ထပ်ကြပ်ပေါ်လာ အသံမှာကား
ညခါငါးထောင် မောင်ဖိုးမောင်သည်
ရွာတောင်ချောင်းက ပြန်ခဲ့ပြီ။
ဖိုးမောင်သံကြား ကင်းသမားက
တံခါးကြီးအောက် မလွယ်ပေါက်ကို
တစ်ယောက်ဝင်သာ ဖွင့်လိုက်ပါသော်
ယာမှာအုပ်ဆောင်း ၀ဲတက်ချောင်းနှင့်
ခါးစောင်းကိုကိုင်း ငါးပလိုင်းကို
လွယ်သိုင်းပြီးလျှင် ရွာကိုဝင်သည်
လူပင်လေလား တစ္ဆေလား။
တစ္ဆေမကြောက် မြွေမကြောက်ပဲ
တစ်ယောက်တည်းပင် ညဥ့်မှောင်တွင်း၌
သူလျှင်ငါးရှာ မကျွေးပါက
ထိုရွာသူသား လူအများတို့
ငါစိုငါးစိမ်း ငတ်ပေအံ့။
ညတညတည့်
ချမ်းမြစိမ့်အေး လချမ်းကွေး၍
ရွာဘေးကျီပျက် မှောင်နက်နက်မှ
ဇီကွက်ကအော် တောက်တဲ့ကြော်စဉ်
ရွာပေါ်လွှမ်းအောင် ဂုတ်ကြားဟောင်သည်
ဖိုးမောင်လာချိန်ပါတကား ...
သို့ပါသော်ငြား ခါတပါးသို့
တခါးဝင်လို သူမဆိုပဲ
မောင်းကိုထုပါ လူစုပါဟေ့
ရွာကိုဘေးမှ ကာကွယ်ကြလော့
ဓါးပြငါ့အား ဖမ်း၍ထားဟု
စကားမဆုံး ဟစ်အော်တုန်းဝယ်
ဒိုင်းဒုံးဒိန်းသံ ရွာလုံးညံသည်
ချောင်းယံပဲ့တင် ထပ်သတည်း။
ဖိုးမောင်နိဂုံး ဤတွင်ဆုံးလည်း
ရွာလုံးစိတ်တွင် ဖိုးမောင်ဝင်၍
ပဲ့တင်ထပ်ကာ ဟီးလျှင်ပါတည့်
ဘယ်ခါမဆို ဆီးလင့်ကြိုသို့ . . .
မှိုင်းညိုညဥ့်ရိပ် လူခြေတိတ်၌
ရေဆိပ်အနား ရွာတံခါးမှ
ဂုတ်ကြားကျယ်လောင် ယမ်းယော်ဟောင်သော်
ဖိုးမောင်လာပြီ ဆိုမြဲပင်။ ။
(မင်းသုဝဏ်)
ကြယ်တွေစီးတဲ့မြစ်...
-
ကျနော့်သားက မေးတယ်။
‘ကြယ်တွေမှာ
နာမည်ရှိသလားဖေဖေ’တဲ့။
မြစ်ကမ်းနဖူးမှာ
ထိုင်တဲ့ည
သားက
ကောင်းကင်ကိုငုံ့ ကြည့်နေတယ်။
ကျနော်က
ကြယ်တွေတလက်လက်ထ
ရေစီးထဲငေး...
6 hours ago





1 comments:
ကျွန်တော်လည်း အဲဒီကဗျာ ပြန်လိုချင်တာကြာပြီ။ ကူးယူလိုက်ပြီနော်။ ဘယ်နှစ်က (၁၀)တန်းအောင်တာလဲ
Post a Comment