ဒီနေ့ မြို့ထဲထွက်ရင်းနဲ့ အေးသာယာ၊ မြို့ပါတ် BM ကားတွေ ကြည့်ပြီး တစ်ခု စဉ်းစားမိတယ်ဗျာ
ကျွန်တော်တို့ ကျောင်းတက်စဉ်ကာလကတော့ BM ကားတွေဟာ တောင်ကြီး-ရန်ကုန်
တောင်ကြီး-မန္တလေး အပြန်အလှန် ပြေးဆွဲခဲ့ကြတာပေါ့ဗျာ၊ ခုတော့........
အရင်က ရန်ကုန် မန္တလေး သွားမယ်ဆိုရင် BM ကား လက်မှတ်တွေ ကြိုဝယ်ရတယ်ဗျ
ဝယ်တာ နောက်ကျလို့ကတော့ စီးပေရော့ ကြားခုံ
ရန်ကုန်သွားတယ်ဆိုရင် သာဝတ္ထိမှာ ညအိပ်ရတယ်ဗျ
တောင်ကြီးကနေ မနက် ၅ နာရီလောက်ကထွက်လိုက်တာ သာဝတ္ထိရောက်ရင် ည (၆)နာရီ
(၇)နာရီ ၀န်းကျင်လောက် ပေါ့။ ကိုယ်စီးတဲ့ ယာဉ်လိုင်းက စီစဉ်ထားပေးတဲ့
တည်းခိုတဲ့နေရာမှာ ရေချိုး၊ အပြင်ထွက် ထမင်းစား
လည်ချင်ရင်လဲ ထွက်လည်ပေါ့
ပြီးရင် ညပြန်အိပ်ပေါ့
တစ်ည အိပ်ဖို့အတွက် အဲဒီတုန်းက (၅)ကျပ်ပေးရတယ်ဗျ
ထားပါ
အဲဒါက ဟိုးအရင် အချိန်တုန်းက ကျွန်တော်တို့တစ်တွေ BM ကားတွေ စီးပြီးတော့ ခရီးထွက်ခဲ့တဲ့
အတွေ့အကြုံလေးပါ
ခုတော့ လေအိပ်ကားကြီးတွေ (Express) ကားကြီးတွေနဲ့ပေါ့
အဓိက ပြောချင်တာက BM ကားတွေနဲ့လည် ရန်ကုန် မန္တလေး ပြေးဆွဲခဲ့ပါတယ်
ဒါပေမဲ့ သက်တောင့်သက်သာ မရှိခြင်း ဆိုတဲ့ ချွတ်ယွင်းချက်ကြောင့်
BM ကားတွေဟာ အခုဆိုရင် အဝေးပြေး လမ်းမပေါ်က ဆင်းပေးခဲ့ရတယ်ဒီလို မျိုးပါဘဲ
ဆက်ပြီး စဉ်းစားကြည့်ရင်တော့ အများကြီးပေါ့ဗျာ
ချွတ်ယွင်းချက် ရှိသော၊ မပြည့်စုံမှုများ ရှိသော အရာများရဲ့ နေရာမှာ ပိုမို ပြည့်စုံသော
ပိုမိုကောင်းမွန်သော အရာများနဲ့ အစားထိုး လဲလှယ်သွားတာ ကျွန်တော်တို့ ပါတ်ဝန်းကျင်မှာ
အများကြီးပါ
အဲဒီလိုပါဘဲ.......
ကျွန်တော်တို့ တစ်တွေမှာ ချွတ်ယွင်းချက်၊ မပြည့်စုံမှုတွေ ရှိနေမယ်ဆိုရင်.........
ဆိုခဲ့ရင်....................
Halal food alternatives in Taiwan - Vegetarian meals
-
Since finding halal food can be quite cumbersome in Taiwan, you can go for
vegetarian meals as an alternative. Most Taiwanese practice Mahayana
Buddhism w...
7 years ago
1 comment:
Hello. This post is likeable, and your blog is very interesting, congratulations :-). I will add in my blogroll =). If possible gives a last there on my blog, it is about the Fragmentadora de Papel, I hope you enjoy. The address is http://fragmentadora-de-papel.blogspot.com. A hug.
Post a Comment