Subscribe

RSS Feed (xml)

Powered By

Skin Design:
Free Blogger Skins

Powered by Blogger

Sunday, February 17, 2008

ပေါက်ကွဲမှုကို ခံစားခြင်း

ပရီးမီးယားလိဂ်မှာ အာကြီးနောက်ကလိုက်နေရတဲ့
မန်ယူတို့အဖို့ ဒီရာသီမှာ ချန်ပီယံဆုကို ကာကွယ်နိုင်ပါ့မလားလို့
သံသယ၀င်နေတယ်။ နောက်ဆုံး boxing day အပြီးမှာ အာကြီးနဲ့
သူတပြန် ကိုယ်တပြန် ဖြစ်နေရာကနေ
ခုဆို (၅)မှတ်အကွာနဲ့ နောက်ကနေ ပြန်လိုက်နေရတဲ့ဘဝ

မနေ့ညက FA ပွဲမှာတော့ သူရဲနီတို့ အားရပါးရကို ပေါက်ကွဲလိုက်တာ ခံစားရတယ်ဗျာ
အာကြီးပရိသတ်တွေကတော့ ပရီးမီးယားနဲ့ ချန်ပီယံလိဂ်အတွက်
FA ကို လက်လျော့ထားတာလို့ပြောတယ်
ဘာဘဲဖြစ်ဖြစ်ပေါ့
ကိုယ်ကတော့ ကိုယ်အားပေးတဲ့ အသင်းကို နိုင်စေချင်တာ ကိုယ့်ဆန္ဒပါ
သူငယ်ချင်းတစ်ယောက်ကတော့ ပြောပါတယ်
မန်ယူနဲ့ သိကြားမင်း ကန်ရင်တောင်မှ မန်ယူဘဲ အားပေးမယ်တဲ့
အင်း......
ဟုတ်သလိုလိုဘဲ
ဘာဘဲပြောပြော
မြန်မာစံတော်ချိန်အရ မနက် (၂)နာရီ ထိုးကာနီးအထိ
ခံစားလိုက်ရတဲ့
သူရဲနီတို့ရဲ့ ပေါက်ကွဲမှုကိုတော့
အိပ်ရေးပျက်ခြင်းနဲ့ လဲလှယ်ယူလိုက်တာ
အရှုံးမရှိတဲ့ ညတစ်ညပါ

No comments: