Subscribe

RSS Feed (xml)

Powered By

Skin Design:
Free Blogger Skins

Powered by Blogger

Sunday, August 5, 2007

အတိတ်တစ်ချိန်တုန်းက တောင်ကြီး တက္ကသိုလ်

ကျွန်တော်တို့တစ်တွေဟာ တောင်ကြီးတက္ကသိုလ်ရဲ့ ရှေ့မီ၊ နောက်မီ (ကုလားထိုင်)လို့ ပြောရင်လဲ
ရတာပေါ့ဗျာ။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့ ကောလိပ်စတက်ခဲ့စဉ်တုန်းက တောင်ကြီးကောလိပ်၊
အဲဒီကနေ တောင်ကြီး ဒီဂရီကောလိပ်၊ အဲဒီကနေမှ တောင်ကြီး တက္ကသိုလ်ရယ်လို့ ဖြစ်လာတာကိုး
နောက်တစ်ခုကတော့ မန္တလေး တက္ကသိုလ်မှာ နောက်ဆုံး ဘွဲ့ယူခဲ့တဲ့ အုပ်စုပေါ့ဗျာ
မှတ်မှတ်ရရ ကျွန်တော်တို့ နောက်ဆုံးနှစ် စာမေးပွဲတွေ ဖြေချိန်နဲ့ တောင်ကြီး တန်ဆောင်တိုင် ပွဲတော်ကြီးကလဲ
ကွက်တိ။ အဲ......သတိရလို ထပ်ပြောဦးမယ်ဗျ
တောင်ကြီးတန်ဆောင်တိုင်ပွဲတော်ကြီးကို ကရင်မရေထွက် ပန်းခြံမှာ ကျင်းပခဲ့တဲ့နှစ်ပေါ့ဗျာ
အင်း...........
ပြောချင်တာက များနေတော့ စကားတွေက တောင်ရောက်လိုက်၊ မြောက်ရောက်လိုက်ပေါ့
ကျွန်တော်တို့ တောင်ကြီးတက္ကသိုလ် စတက်ခဲ့စဉ်
၁၉၈၅-၈၆ ခုနှစ်ပေါ့ဗျာ....................

Read More...