Subscribe

RSS Feed (xml)

Powered By

Skin Design:
Free Blogger Skins

Powered by Blogger

Sunday, February 3, 2008

ပေတံ တစ်ချောင်းလောက် လိုချင်တယ်

ကျွန်တော် ခုတစ်လောမှာ ပေတံ တစ်ချောင်း အပြင်းအထန် လိုချင်နေတယ်ဗျာ
တစ်ချို့က ပြောမှာပေါ့
ပေတံကလေးလိုချင်တာများ......၀ယ်လိုက်ပေါ့လို့
ဟုတ်တယ်မဟုတ်လား

ဒါပေမဲ့ဗျာ
ကျွန်တော် လိုချင်တဲ့ ပေတံက ၀ယ်လို့မရဘူးဗျ
ကြီးကြီးကျယ်ကျယ်ပြောတယ်မထင်ပါနဲ့နော်
အတိတ်တစ်ချိန်က
ကျွန်တော်တို့ ငယ်စဉ်ကစလို့
ကျွန်တော်တို့တစ်တွေဟာ သူများတွေရဲ့ ပေတံနဲ့ တန်ဖိုးဖြတ်တာ ခံခဲ့ကြရပါတယ်
မိဘတွေရဲ့ ပေတံအရ ကျွန်တော် သားလိမ္မာကလေး အဖြစ် နေထိုင်ခဲ့ရတယ်ဗျာ
ဆရာတွေရဲ့ ပေတံအရ တပည့်လိမ္မာကလေးအဖြစ် နေခဲ့ရတယ်ဗျာ
ချစ်သူရဲ့ ပေတံအရ ရိုးသားတဲ့ ချစ်သူအဖြစ် နေပေးခဲ့ရတယ်ဗျာ
နောက်တော့ အလုပ်ရှင်ရဲ့ ပေတံအရ အလုပ်သမားကောင်းအဖြစ် နေခဲ့ရတယ်ဗျာ
ဇနီးတစ်ယောက်ရဲ့ ပေတံအရ ခင်ပွန်းကောင်းအဖြစ် နေခဲ့ရတယ်ဗျာ
သမီးတစ်ယောက်ရဲ့ ပေတံအရ ဖခင်ကောင်းတစ်ယောက်ဖြစ်အောင် နေခဲ့ရတယ်ဗျာ
ပေတံတွေ..........ပေတံတွေ........
ပေတံတွေ..........ပေတံတွေ........
အဲဒီပေတံတွေနဲ့ တိုင်းတာမှု ဘောင်အတွင်းမှာ ဆန္ဒတွေကို ချုပ်တည်းရင်း
အင်း.........
အပြစ်ကင်းခဲ့တယ်ဗျာ
အခု ကျွန်တော် ပေတံတစ်ချောင်းလောက်လိုချင်တယ်ဗျာ
အလွန်အမင်းကို လိုချင်နေတယ်ဗျာ
အဲဒီ ပေတံနဲ့ ကိုယ့်ကိုကိုယ် တိုင်းမယ်ဗျာ
သူများတွေကို တိုင်းမယ်ဗျာ
ဒီတော့
ကျွန်တော် ပေတံတစ်ချောင်းလောက်လိုချင်တယ်ဗျာ
အလွန်အမင်းကို လိုချင်နေတယ်ဗျာ

Read More...

Friday, February 1, 2008

လူတစ်ယောက်ရဲ့ အရေပြား

လူရယ်လို့ ဖြစ်လာပြီဆိုရင်
လူမှ မဟုတ်ပါဘူးဗျာ
သက်ရှိ သတ္တ၀ါမှန်သမျှဟာ ဥတုသုံးပါးဒဏ် ကာကွယ်ဖို့အတွက်
လူကတော့ နည်းနည်းပိုတာပေါ့ဗျာ
အပေါ်ယံ ဟန်လုပ်ဖို့ ခန္ဓာကိုယ်အတွက် အကာအကွယ်ပေးနိုင်ဖို့အတွက်
အရေပြားဆိုတာ ပါလာကြတာပေါ့ဗျာ

တစ်ချို့တစ်လေကျတော့ အရေပြားက ပါးလျလျ၊ မွဲခြောက်ခြောက်
အထိအခိုက် အစွန်းအထင်းမခံနိုင်
မြင်ယုံနဲ့ အထင်ကြီးစရာမရှိတဲ့ အနေအထား
တစ်ချို့တွေများကျတော့ဗျာ
ကောင်းလိုက်တဲ့ အရေပြား ရွှန်းစိုမှု၊ တောက်ပမှုတွေ အပြည့်နဲ့
ဘ၀ပေး ကုသိုလ်ကံများ ကွာခြားလိုက်ကြတာ
အဲသည် အရေပြား စပါးလုံး တစ်ထောက်စာရဲ့ အောက်မှာ
ငုပ်လျှိုးကွယ်ပျောက်နေတဲ့ လူတစ်ယောက်ရဲ့ အစ္ဖျတ္တပုံရိပ်ကို ဘယ်လိုများ ရှိနေနိုင်သလဲလို့
ကျွန်တော်တို့တစ်တွေ ဘယ်နှစ်ခါများ တွေးမြင်ကြည့်ဖူးပါသလဲ
ကျွန်တော်တို့တစ်တွေဟာ လူတစ်ယောက်ကို သူ့ရဲ့ အရေပြားပေါ်မှာဘဲ
ကြည့်ပြီး အမှတ်တွေ ပေးနေခဲ့ကြတာ ကာလ ဘယ်လောက်ကြာပြီလဲ
အရေအတွက် ဘယ်လောက် များခဲ့ပြီလဲ

Read More...

Wednesday, January 30, 2008

ငယ်မူပြန်

ဖတ်ခဲဖူးသော၊ စွဲလန်းခဲ့ဖူးသော ကဗျာတစ်ပုဒ်ပါ
ဆရာမောင်စိန်ဝင်း(ပုတီးကုန်း) ရေးခဲ့တာပါ
ဖတ်ခဲ့တာ ကြာပြီဆိုတော့ နဲနဲတော့ မှားနေလိမ့်မယ်ထင်ပါတယ်

သွားဖို့မနီး၊ တစ်ခရီးထဲ
ဝဲစုပ်တော့လှေယိုင်၊ ပဲ့ကိုင်ရင်း လှေစောင်း
လှေဝမ်းခေါင်း ပေါက်ချင်ပေါက်
မှောက်လည်းအတူတူ
ရောက်လည်း အတူတူ
ကူညီအားဖြည့်
နားလည်ကြည့်နော်
နောက်ပြန်လှည်လို့ မဖြစ်ဘူး

Read More...

Tuesday, January 29, 2008

အတိတ်တစ်ချိန်တုန်းက တောင်ကြီး တက္ကသိုလ် ကျောင်းသားဘ၀ (၂)

ပြောရမယ်ဆိုရင်တော့ ၁၉၈၅-၈၆ ခုနှစ်လောက်က ဆယ်တန်းအောင်ပြီး တက္ကသိုလ် စတင် တက်ရောက်မဲ့
ကျွန်တော်တို့အရွယ် (အဲဒီအချိန်တုန်းကတော့) လူမမယ်ကလေးတွေဟာ
ရိုးသားတယ်ပြောရမလား၊ ဒါမှမဟုတ် လူရည်မလည်ဘူးလို့ပြောရမလား
အပြစ်ကင်းစင်တယ် ပြောရမလား၊ ဒါမှမဟုတ် အတွေ့အကြုံ ဗဟုသုတ နည်းတယ်ပြောရမလား
ဘယ်လိုပြောရမလဲ မသိပေမဲ့
အဲဒီအချိန်ကာလတုန်းက ဖျော်ဖြေရေး ပစ္စည်းတွေ (ကက်ဆက်ကိုတောင်မှ အိမ်တိုင်း ပိုင်ဆိုင်တဲ့အခြေအနေ မဟုတ်ဘူးလေ တီဗွီဆို ပိုဆိုးပေါ့)
ဒီတော့ ကျွန်တော်တို့အနေနဲ့ ပါတ်ဝန်းကျင်လေ့လာရေး၊ ပြင်ပ ကမ္ဘာကြီးကို မျှော်ကြည့်ဖို့ အရေး
စကားလုံး ခပ်ကြီးကြီး သုံးရမယ်ဆိုရင်တော့ ဗဟုသုတ ရှာမှီးရေးပေါ့
ဟုတ်တယ်လေ..............
ကိုယ်မသိတဲ့ ကိစ္စတွေ၊ မတတ်သေးတဲ့ အတတ်ပညာတွေ လေ့လာတာ
ရှာဖွေတာ၊ ဆည်းပူးတာ ဗဟုသုတ ရှာမှီးတာဘဲပေါ့

(၁၀)တန်းအောင်မြင်သည်အထိ အိမ်ကနေ ကျောင်းသွား
ကျောင်းမှာ စာသင်၊ ပြီးရင်အိမ်ပြန် သံသရာ ထဲမှာ ကျင်လည်နေခဲ့ကြရတာပေါ့ဗျာ
လွန်ရောကျွံရော ကျောင်းပြီးလို့ အိမ်မပြန်ခင်
ဒါမှမဟုတ် နဲနဲ နောက်ကျမှပြန်
သူငယ်ချင်းတွေ ဘောလုံး ချိန်းကန်တာလောက်ဘဲ ရှိကြတာကိုးဗျ
ကျောင်းပြင်ပ လှုပ်ရှားမှုတွေကလည်း ကျယ်ကျယ်ပြန့်ပြန့် မရှိကြသေးဘူးလေ
နောက်တစ်ခုက အခု ပြောပြောနေကြတဲ့ ဂလိုဘယ်လိုက်ဇေးရှင်း ဆိုတာ ကြားတောင်မှ မကြားဖူးသေးတာ
ဘယ်သိနိုင်ပါ့မလဲ
ဆိုလိုတာက .......ဗျာ
လူမှုရေး ကျဉ်းမြောင်းတယ် (ဒါမှမဟုတ်) ရှေးရိုး အယူသည်းတယ်ဗျ
လက်ဖက်ရည်ဆိုင်ဆိုတာကတောင် တစ်မြို့လုံးမှာ လက်ချိုးရေလို့ ရသဗျ
ပိုတယ်မထင်နဲ့နော် အဲဒီအချိန်တုန်းက လူတွေ ပြန်မေးကြည့်
တစ်ခုတော့ ရှိတယ်ဗျ
ကျွန်တော် ပေရှည်နေတာမဟုတ်ဘူးနော်
ကျွန်တော်တို့ ဖြတ်သန်းလာခဲ့ရတဲ့ တက္ကသိုလ် ကျောင်းသားဘ၀နဲ့
အခုခေတ် လူငယ်တွေ ဖြတ်သန်းနေကြတဲ့ဘဝ
ကွာဟချက်များတာကို ပြောပြချင်လို့ နိဒါန်းလေး ပျိုးနေတာပါ
ထားပါဗျာ
လိုရင်းချုပ်ရရင်တော့ ကျွန်တော်တို့ (၁၀)တန်း အောင်လို့ တက္ကသိုလ် ကျောင်းတော်သားကြီး ဖြစ်လာတဲ့အချိန်မှာ
State ကျောင်းသားတွေဘ၀၊ အမြင်၊ အသိတွေ အတိုင်းဘဲ ရှိနေသေးတာကို ပြောပြချင်တာပါ
ကျွန်တော်က ရပ်စောက်သားဗျ
ကျောင်းတက်တဲ့အခါကျတော့ ကိုယ့်မြို့က ကျောင်းတက်တဲ့ ကလေးတွေ အဆင်ပြေအောင်ဆိုပြီးတော့
ကျွန်တော်တို့ မြို့က လူကြီးတွေက တောင်ကြီးမှာ အဆောင်တစ်ခု ဆောက်ထားပေးတယ်ဗျ
အလကား နေလို့တော့ မရဘူးပေါ့
ထမင်းကျွေးတယ်၊ အဆောင်လခ ပေးရတယ်
ထမင်းစရိတ်ရယ်၊ အဆောင်လခရယ်၊ ရေဖိုး၊ မီးဖိုး စုစုပေါင်း တစ်လ (၁၂၀) ကျပ်ပေးရတယ်
မယုံမရှိနဲ့ဗျ
အဲဒီလူတွေ ခုထိ သက်ရှိ ထင်ရှား ရှိသေးတယ်၊ မေးကြည့်လို့ရတယ်
ကျွန်တော်တို့ မြို့က အဆောင်က အခု (၂၁၂) တပ်ရှေ့က ခြံဝင်းအကျယ်ကြီးနဲ့
အခုတော့ ကမ္ဘောဇဘဏ်က အဆောင်ဖွင့်ထားလေရဲ့
အဲဒီမှာ အဆောင်နေခဲ့ကြရတာခင်ဗျ..........................

Read More...

မပြောချင်တော့ပါဘူး

ကျွန်တော်ဗျာ.........
အမျိုးသားရေး တာဝန်တစ်ရပ်အနေနဲ့
(ခေတ်ကာလရဲ့ လိုအပ်ချက်အရပေါ့ဗျာ)
ကလေးကို ကျောင်းပို့တယ်၊ကြိုတယ်ဗျာ
အဲသည်မှာ ဘာတွေ့ရလဲဆိုတော့
မိဘတွေလေ...........မိဘတွေပေါ့
ကလေးကို
ကျောင်းကပြန်၊ ကျူရှင်ပို့၊
ကျူရှင်ကပြန် စာကျက်ဝိုင်းပို့
ကျောင်းသားတွေ ပညာရေးမှာ မနားရသလို မိဘတွေကလဲ
ကျောင်းလိုက်မတက်ရုံတမယ်ပါဘဲ
ပညာရေးကို အဲသလို အားပေးကြတာ ခင်ဗျ
ကလေးအချင်းချင်း ပညာရေးပြိုင်ကြသလို အချင်းချင်းလည်း ပြိုင်ကြသဗျ
ခက်တာက မိဘတွေ၊ မောင်ဖွားတွေရဲ့ အသိစိတ်၊ အများတကာကို အားနာရကောင်းမှန်း မသိတဲ့စိတ်
ဒါတွေကလည်း အများကြီးဘဲဗျ
ပြောရမယ်ဆိုရင် ကျောင်းရှေ့လမ်းမှာက ဆိုင်ကယ်၊ ကားရပ်ဖို့ နေရာက ကျဉ်းကျဉ်းလေးရယ်
တစ်ချို့သူတွေက လမ်းနဲ့ ဒေါင်လိုက် ရပ်ကြတော့ ဆိုင်ကယ်တွေက
စီစီရီရီလေးဆို အစီး နှစ်ဆယ်လောက် ရပ်လို့ ရတယ်
ဒါပေမဲ့ တစ်ချို့က လမ်းနဲ့ အလျားလိုက် ရပ်လိုက်တော့ သွားရောပေါ့
သုံး လေးစီးလောက် ရပ်လိုက်တာနဲ့ နေရာက ပြည့်သွားပြီ
ကျန်တဲ့ ဆိုင်ကယ်တွေက ရပ်စရာ မရှိတော့ လမ်းဘေးမှာတင်ရပ်
ကားတွေ လာတော့ လမ်းကမလွတ်
ဒါတွေက ကျောင်းဆင်း၊ ကျောင်းတက်ချိန်တိုင်း တွေ့နေကျ မြင်ကွင်းတစ်ခု
လူတွေက ကိုယ်လုပ်လိုက်တဲ့ ကိစတစ်ခုကို ကိုယ်အဆင်ပြေရင်ပြီးရော
ကျန်တဲ့သူတွေ အတွက် မကြည့်တတ်ကြတော့ဘူး
နောက်တစ်ခုက
ဖက်ရှင်လိုဖြစ်နေကြတာ
လမ်းမှာ ဆိုင်ကယ်ယှဉ်စီးရင်း စကားတွေပြော
နောက်က လာမဲ့ ကားတွေ၊ ဆိုင်ကယ်တွေအတွက် လမ်းကမဖယ်ပေးတော့ဘူး
လူတွေ ယဉ်ကျေးမှု အတော် ခေါင်းပါးလာကြသလားမသိတော့ပါဘူးဗျာ

Read More...

Sunday, January 27, 2008

ကြူံဘူးပေါင်

ဒီနေ့ကတော့ဖြင့်ဗျာ
မီးပျက်သွားလိုက်တာ မနက်ကတည်းက ခု ညနေ (၅)နာရီထိုးတဲ့အထိဘဲ
ဒီနေ့မှ နွေဦးရဲ့ လေရူးတွေ စ,တိုက်တာ
နွေရာသီရဲ့ နိမိတ်ပုံကလေးတွေ ရေးမယ်လို့ အားခဲထားလိုက်တာ
ခုတော့ မီးကပျက်
ရာသီဥတုကလည်း မှုန်ပြာရီမှိုင်း
တောင်ကြီးမြို့ရဲ့ ဘယ်နေရာကို ကြည့်ကြည့် အရာရာအားလုံးဟာ
မှိုင်းညှို့ ညှို့
တောင်ကြီးမှာ မှိုင်းညှို့ညှို့ စတင်ဖြစ်တဲ့နေ့ကို မှတ်မှတ်ရရ ဖြစ်နေသလို
post တစ်ခုကို ငါးခါလောက် ခွဲတင်လိုက်ရတဲ့ ဒီနေ့ကိုတော့
ကြုံဘူးပေါင်ဗျာ.............
မှတ်မှတ်ရရ အဲသည်ညက မိုးရွာတယ်ဗျ

Read More...

Friday, January 25, 2008

ကတိသစ္စာ တည်သောခါဝယ်

ဝသုန္ဒရေ၊ ဤမြေသော်လည်း၊ စောင့်စည်းမုသား
ကျင့်သောအားဖြင့်၊ စကားသစ္စာ၊ မှန်သောခါကား
သြဇာလေးနက်၊ ပေါ်ဆီတက်၍၊ နွယ်မြက်သစ်ပင်
ဆေးဖက်ဝင်၏၊အကြင်သောခါ၊ ဤသစ္စာကို
အရာချွတ်လွဲ၊ မသုံးစွဲတည့်၊ စဉ်းလဲစကား
မှားလတ်တုံအံ့၊ မြေခုံစည်းတန်း၊ မုသားထွန်းသား
တစ်ကျွန်းတစ်ရံ၊ တစ်နိုင်ငံ၌၊ အသံမုသား
ပြက်စကားကို၊ မကြားစလို၊ အောင်လိမ့်ဆိုသို့
ပေါ်စို ရသာ၊ မြေသြဇာလျက်၊ တစ်ထွာတစ်တောင်
လက်ခုပ်ဘောင်လျှင်၊ နက်ချောင်ငုတ်နစ်၊ အောက်လျှိုးဖြစ်၍
ခါးချစ် ဆေးဝါး၊ လူတို့စားလည်း၊ နာဖျားမလွတ်
ဥပ္ပဒ္ဒဝေါ၊ လေးဘျမ်းပြော၏၊ သဘောတရား
စကားသစ္စာ၊ မှန်သောခါနှင့်၊ ယွင်းရာမမှား
ဤနှစ်ပါးကို၊ နှုန်းထားထွေဆောင်၊ ရှာတုံရှောင်လည်း
အကျော်သစ္စာ၊ စကားသာလျှင်၊ ပြည်ရွာရပ်သား
လူ့စီးပွားကို၊ အမြားအမြောင်၊ ကြီးကျယ်ဆောင်သည်
ကုန်အောင်မြေနှင့် ရှိသတည်း..................။

ရှင်မဟာ သီလ၀ံသ
(ပါရမီတော်ခန့်ပျို့)

Read More...