ဝသုန္ဒရေ၊ ဤမြေသော်လည်း၊ စောင့်စည်းမုသား
ကျင့်သောအားဖြင့်၊ စကားသစ္စာ၊ မှန်သောခါကား
သြဇာလေးနက်၊ ပေါ်ဆီတက်၍၊ နွယ်မြက်သစ်ပင်
ဆေးဖက်ဝင်၏၊အကြင်သောခါ၊ ဤသစ္စာကို
အရာချွတ်လွဲ၊ မသုံးစွဲတည့်၊ စဉ်းလဲစကား
မှားလတ်တုံအံ့၊ မြေခုံစည်းတန်း၊ မုသားထွန်းသား
တစ်ကျွန်းတစ်ရံ၊ တစ်နိုင်ငံ၌၊ အသံမုသား
ပြက်စကားကို၊ မကြားစလို၊ အောင်လိမ့်ဆိုသို့
ပေါ်စို ရသာ၊ မြေသြဇာလျက်၊ တစ်ထွာတစ်တောင်
လက်ခုပ်ဘောင်လျှင်၊ နက်ချောင်ငုတ်နစ်၊ အောက်လျှိုးဖြစ်၍
ခါးချစ် ဆေးဝါး၊ လူတို့စားလည်း၊ နာဖျားမလွတ်
ဥပ္ပဒ္ဒဝေါ၊ လေးဘျမ်းပြော၏၊ သဘောတရား
စကားသစ္စာ၊ မှန်သောခါနှင့်၊ ယွင်းရာမမှား
ဤနှစ်ပါးကို၊ နှုန်းထားထွေဆောင်၊ ရှာတုံရှောင်လည်း
အကျော်သစ္စာ၊ စကားသာလျှင်၊ ပြည်ရွာရပ်သား
လူ့စီးပွားကို၊ အမြားအမြောင်၊ ကြီးကျယ်ဆောင်သည်
ကုန်အောင်မြေနှင့် ရှိသတည်း..................။
(ပါရမီတော်ခန့်ပျို့)
No comments:
Post a Comment