Subscribe

RSS Feed (xml)

Powered By

Skin Design:
Free Blogger Skins

Powered by Blogger

Sunday, January 27, 2008

ကြူံဘူးပေါင်

ဒီနေ့ကတော့ဖြင့်ဗျာ
မီးပျက်သွားလိုက်တာ မနက်ကတည်းက ခု ညနေ (၅)နာရီထိုးတဲ့အထိဘဲ
ဒီနေ့မှ နွေဦးရဲ့ လေရူးတွေ စ,တိုက်တာ
နွေရာသီရဲ့ နိမိတ်ပုံကလေးတွေ ရေးမယ်လို့ အားခဲထားလိုက်တာ
ခုတော့ မီးကပျက်
ရာသီဥတုကလည်း မှုန်ပြာရီမှိုင်း
တောင်ကြီးမြို့ရဲ့ ဘယ်နေရာကို ကြည့်ကြည့် အရာရာအားလုံးဟာ
မှိုင်းညှို့ ညှို့
တောင်ကြီးမှာ မှိုင်းညှို့ညှို့ စတင်ဖြစ်တဲ့နေ့ကို မှတ်မှတ်ရရ ဖြစ်နေသလို
post တစ်ခုကို ငါးခါလောက် ခွဲတင်လိုက်ရတဲ့ ဒီနေ့ကိုတော့
ကြုံဘူးပေါင်ဗျာ.............
မှတ်မှတ်ရရ အဲသည်ညက မိုးရွာတယ်ဗျ

Read More...

Friday, January 25, 2008

ကတိသစ္စာ တည်သောခါဝယ်

ဝသုန္ဒရေ၊ ဤမြေသော်လည်း၊ စောင့်စည်းမုသား
ကျင့်သောအားဖြင့်၊ စကားသစ္စာ၊ မှန်သောခါကား
သြဇာလေးနက်၊ ပေါ်ဆီတက်၍၊ နွယ်မြက်သစ်ပင်
ဆေးဖက်ဝင်၏၊အကြင်သောခါ၊ ဤသစ္စာကို
အရာချွတ်လွဲ၊ မသုံးစွဲတည့်၊ စဉ်းလဲစကား
မှားလတ်တုံအံ့၊ မြေခုံစည်းတန်း၊ မုသားထွန်းသား
တစ်ကျွန်းတစ်ရံ၊ တစ်နိုင်ငံ၌၊ အသံမုသား
ပြက်စကားကို၊ မကြားစလို၊ အောင်လိမ့်ဆိုသို့
ပေါ်စို ရသာ၊ မြေသြဇာလျက်၊ တစ်ထွာတစ်တောင်
လက်ခုပ်ဘောင်လျှင်၊ နက်ချောင်ငုတ်နစ်၊ အောက်လျှိုးဖြစ်၍
ခါးချစ် ဆေးဝါး၊ လူတို့စားလည်း၊ နာဖျားမလွတ်
ဥပ္ပဒ္ဒဝေါ၊ လေးဘျမ်းပြော၏၊ သဘောတရား
စကားသစ္စာ၊ မှန်သောခါနှင့်၊ ယွင်းရာမမှား
ဤနှစ်ပါးကို၊ နှုန်းထားထွေဆောင်၊ ရှာတုံရှောင်လည်း
အကျော်သစ္စာ၊ စကားသာလျှင်၊ ပြည်ရွာရပ်သား
လူ့စီးပွားကို၊ အမြားအမြောင်၊ ကြီးကျယ်ဆောင်သည်
ကုန်အောင်မြေနှင့် ရှိသတည်း..................။

ရှင်မဟာ သီလ၀ံသ
(ပါရမီတော်ခန့်ပျို့)

Read More...

Sunday, August 5, 2007

အတိတ်တစ်ချိန်တုန်းက တောင်ကြီး တက္ကသိုလ်

ကျွန်တော်တို့တစ်တွေဟာ တောင်ကြီးတက္ကသိုလ်ရဲ့ ရှေ့မီ၊ နောက်မီ (ကုလားထိုင်)လို့ ပြောရင်လဲ
ရတာပေါ့ဗျာ။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့ ကောလိပ်စတက်ခဲ့စဉ်တုန်းက တောင်ကြီးကောလိပ်၊
အဲဒီကနေ တောင်ကြီး ဒီဂရီကောလိပ်၊ အဲဒီကနေမှ တောင်ကြီး တက္ကသိုလ်ရယ်လို့ ဖြစ်လာတာကိုး
နောက်တစ်ခုကတော့ မန္တလေး တက္ကသိုလ်မှာ နောက်ဆုံး ဘွဲ့ယူခဲ့တဲ့ အုပ်စုပေါ့ဗျာ
မှတ်မှတ်ရရ ကျွန်တော်တို့ နောက်ဆုံးနှစ် စာမေးပွဲတွေ ဖြေချိန်နဲ့ တောင်ကြီး တန်ဆောင်တိုင် ပွဲတော်ကြီးကလဲ
ကွက်တိ။ အဲ......သတိရလို ထပ်ပြောဦးမယ်ဗျ
တောင်ကြီးတန်ဆောင်တိုင်ပွဲတော်ကြီးကို ကရင်မရေထွက် ပန်းခြံမှာ ကျင်းပခဲ့တဲ့နှစ်ပေါ့ဗျာ
အင်း...........
ပြောချင်တာက များနေတော့ စကားတွေက တောင်ရောက်လိုက်၊ မြောက်ရောက်လိုက်ပေါ့
ကျွန်တော်တို့ တောင်ကြီးတက္ကသိုလ် စတက်ခဲ့စဉ်
၁၉၈၅-၈၆ ခုနှစ်ပေါ့ဗျာ....................

Read More...